" သားဂျီမင်း..တစ်ယောက်ထဲခွဲနေရတာ အဆင်ပြေရဲ့လား "
" ဟုတ် အဆင်ပြေပါတယ် ဦးလေးဂျွန်.."
" အင်း..သားထယ်ယောင်းကတော့ ဂျီမင်းအကြောင်းကိုခဏခဏပြောလို့သိရပါတယ်..အဆင်မပြေရင် ဦးလေးကိုလဲပြောလို့ရတယ်နော်..သားအဖေကအားနာတတ်လို့ "
" ဟုတ်..အာလုံးအဆင်ပြေပါတယ်.."
ဂျီမင်း ဒီအပတ်ပိတ်ရက်အိမ်ပြန်လာတော့ ဦးလေးဂျွန်မိသားစုထမင်းစားဖိတ်၍ သွားရောက်ခြင်းဖြစ်၏။
" ဒါနဲ့..ဂျောင်ကုသတင်းရော ဘာထူးသေးလဲ သူဌေး "
ဖေဖေမှ ဦးလေးဂျွန်ကိုအမေးပြုရင်း တစ်စုံတစ်ယောက်အကြောင်းစကားထဲပါလာတော့ ဂျီမင်းခေါင်းလေးအနည်းငယ်မတ်သွားသေး၏။ ဂျောင်ကု..ဟုတ်တယ်..သူဆေးဖြတ်ဖို့အတွက် ဦးလေးဂျွန်ပို့ထားလိုက်တာ ၆လတောင်ရှိနေပြီ။ ဂျီမင်း သူ့ကိုမတွေ့ရတော့တာလဲ ၆လရှိနေပြီဖြစ်၏။ ဦးလေးဂျွန်အပြောစကားအရ သူကိုတစ်နှစ်လောက်တော့ပို့ထားမယ်လို့လဲသိရသည်။
သူပြန်လာရင် ဂျီမင်းဘယ်လိုရင်ဆိုင်ရမယ်မသိ။ သူ့ကို လက်ထပ်ပါ့မယ်ဆိုပြီး ကတိပေးကာဆေးဖြတ်ခိုင်းခဲ့တာ။ ဒါပေမယ့် နောက်ထပ်၆လကြီးတောင်လိုသေး၍ သိပ်ပြီးစိုးရိမ်နေတာမျိုးတော့မဟုတ်ပါ။ သူကရုတ်တရက်ကြီး ရောက်ချလာမှာမျိုးမှမဟုတ်တာလေ။
ပြီးတော့ အခုအတောအတွင်းမှာလဲ သူ့ကိုခဏခဏ သတိရနေတဲ့စိတ်ကို တခြားအရာတွေနဲ့အစားထိုးရင်းမေ့ပြစ်ထားခဲ့တာ။ သူပြန်ရောက်လာခဲ့မယ်ဆိုရင်တောင် တနည်းနည်းနဲ့တော့လက်ထပ်ဖို့ကိစ္စကို ရှောင်ပြေးချင်မိတယ် ဘာကြောင့်ဆို ဂျီမင်းတို့ကငယ်လွန်းသေးတယ်။ အိမ်ထောင်တစ်ခုကိုတည်ထောင်လိုက်ဖို့ဆိုတာက တစ်ယောက်အကြောင်းတစ်ယောက်သိပြီး နားလည်နိုင်မှတော်ကာကျလိမ့်မယ်။ မဟုတ်ရင် ထိုအိမ်ထောင်ရေးက အဆင်မပြေတာတွေများနေမှာသေချာ၏။
အဲ့ဒီ့အချိန်က ဂျောင်ကုအနေနဲ့ ကိုယ့်စိတ်ကိုထိန်းချုပ်ရခက်နေသည်ကြောင့် ဘာမှမစဥ်းစားပဲလုပ်လိုက်မိတာလဲဖြစ်နိုင်တယ်။ သူပြန်ရောက်လာရင် စိတ်ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်လေ။ ဂျောင်ကုရဲ့ တဇွတ်ထိုးဆန်ဆန် ကလေးစိတ်ကိုပါထိုနေရာကပြင်ပေးလိုက်ရင်ကောင်းမည်။ ထိုအခါတော့ညှိယူလို့ရလောက်မယ်ဟု ထင်မိပါ၏။
YOU ARE READING
Bad Boy To My Boy [ Completed]
FanfictionPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...