ညသန်းခေါင်းအချိန်မှာ လမ်းမထက်တရွေ့ရွေ့မောင်းနေတဲ့ကားလေးက ခြံဝင်းကျယ်ကြီးထဲချိုးဝင်သွား၏။
အချိန်အားဖြင့် ည၁၂နာရီကျော်နေပြီ။ ထယ်ယောင်း.. မေမေကနှလုံးရောဂါထဖောက်တာဟုသိရပြီး ဆေးရုံတတ်ရသဖြင့် ထယ်ယောင်းအဖေကအစောင့်ကျန်နေခဲ့တယ်။ ဂျီမင်းကိုအိမ်ပြန်ပို့ရင်း ထယ်ယောင်းတို့ ပြန်လာခဲ့ကြတယ်။
ဂျီမင်းကတော့ ဆေးရုံမှာကတည်းက အမေ့ကိုအရမ်းစိတ်ပူနေကာ လိုအပ်တာတွေကူညီပေးတယ်။ အခုလဲ ပင်ပန်းလို့ထင်တယ် ကားလမ်းတစ်လျှောက်လုံးအိပ်ပျော်နေတာ။
ထယ်ယောင်းကားကို စက်သတ်လိုက်ပြီးပေမယ့် ဂျီမင်းကိုမနှိုးမိသေး။ သူ့အရမ်းပင်ပန်းနေပုံပေါက်တာကြောင့် အိပ်ပါစေဆိုပြီး ထားလိုက်တယ်။ ပြီးတော့ မျက်နှာနုနုကို ထယ်ယောင်းတစ်ဝကြီးကြည့်နေမိတယ်။ ဂျီမင်းကအခုဆို ဂျောင်ကုကိုရွေးချယ်လိုက်ပြီဆိုတာကို ထယ်ယောင်းလက်မခံချင်ပဲ လက်ခံလိုက်ရတယ်။ ထယ်ယောင်းတကယ်တော့ အငြင်းခံရမှာကြောက်မိလို့ အရာရာကိုတွန့်ဆုပ်နေမိခဲ့တာ။ အင်း..ဂျောင်ကုကရုတ်တရက်ကြီး ပြန်ရောက်လာမယ်လို့ မထင်တာလဲပါတာပေါ့။
" အင်...ထယ်ယောင်း..အိမ်ပြန်ရောက်နေပြီလား.."
အိပ်ချင်မူးတူးအသံလေးနှင့်မေးလာသဖြင့် ထယ်ယောင်းခေါင်းညိတ်ပြလိုက်တယ်။
" ဒါဆို ငါသွားတော့မယ်လေ..ဂျောင်ကုစောင့်နေလိမ့်မယ် "
" အင်း..."
တိုက်ရှေ့ကစင်ဝင်အောက် ကားရပ်ထားတာကြာနေပြီ။ ဘယ်သူမှကားပေါ်ကဆင်းမလာသဖြင့် မောင့်ရင်ထဲအပူးမီးတွေအပြင် ဒေါသတွေပါကပ်ညိလာခဲ့တော့သည်။ မင်္ဂလာဦးညကြီးမှာတောင် အခုလိုထားသွားသူကို မောင်ဘယ်လိုမှမကျေနပ်နိုင်။ ဘယ်လိုပုံစံမျိုးနဲ့ မောင်က ဒီကိစ္စကိုနားလည်ပေးရဦးမှာလဲ..။
အခုလဲစိတ်ပေါက်ပေါက်နဲ့ ဧည့်ခန်းထဲမှာ ဘီယာသောက်ရင်း သူ့ကိုစောင့်နေလိုက်တယ်။ မောင့်ကိုအခုလိုတော့ လာမစမ်းနဲ့ဂျီမင်း...မောင်က မင်းကိုချစ်လွန်းလို့ အရာရာကိုထိန်းချုပ်ထားခဲ့တာ။ ဒီကောင်ကိုခံစားချက်မဲ့တဲ့ကောင်လို့တော့မထင်လိုက်နဲ့။
YOU ARE READING
Bad Boy To My Boy [ Completed]
FanfictionPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...