" မောင်..ဟိုကိုရောက်ပြီလား "
" မောင် အခုပဲရောက်တာ "
" တစ်ခုခုစားပြီးပြီလား "
" မောင်အခုစားတော့မလို့ "
" ဟိုမှာ အေးတယ်လို့ကြားတယ် ရေအကြာကြီးမချိုးနဲ့ "
" ဟုတ်..မောင့်ဂျီမင်းရော အခုဘာလုပ်နေလဲ "
" စာကြည့်ရင်း ခေါက်ဆွဲပြုတ်စားနေတာ..မောင်မရှိတော့အဆင်မပြေပါဘူး ခေါက်ဆွဲပြုတ်ပဲစားနေရတယ် "
" ဟာ..မောင်မြန်မြန်ပြန်လာပြီ ရှယ်ချက်ကျွေးမယ်..မောင့်အချစ်ကို.."
" ဟုတ်ပါပြီ..အစစ အရာရာဂရုစိုက်ဦးနော် မောင် "
" မောင်ကအားလုံးအဆင်ပြေတယ်.. မောင့်ဂျီမင်းသာ ဂရုစိုက်..ဘမ်ရော ဘာလုပ်နေလဲ "
" ဘမ်..ငါ့ဘေးမှာရှိတယ် "
" ဂျီမင်း ဘေးမှာ ဘမ်ရှိနေသေးလို့တော်သေးတာပေါ့..မဟုတ်ရင်တစ်ယောက်ထဲဖြစ်နေမှာ.."
" ငါ ကလေးမဟုတ်တော့ပါဘူး.."
" ကလေးမဟုတ်လို့ ပိုစိတ်ပူရတာပေါ့ "
" အင်းပါ..ဒါပဲ! စာကြည့်တော့မလို့ "
" ဟုတ်..စာကိုအရမ်းကြည့်မနေနဲ့ဦး..မျက်လုံးကိုက်မယ် နား နာပြီးကြည့်..မကြည့်ချင်လဲ ပြစ်သာထားလိုက် ကျလဲအရေးမကြီးဘူး ကြားလား "
" မောင်ကတော့လေ.."
" အရမ်းချစ်တယ်နော်..မောင့်ဂျီမင်း "
" ငါလဲ မောင့်ကိုချစ်တယ် မွ! မွ!! "
မောင်နဲ့ဖုန်းပြောချင်းကို လက်စသတ်လိုက်ပြီးနောက် ဂျီမင်းခေါက်ဆွဲပြုတ်ဆက်စားရင်း စာကြည့်နေလိုက်တယ်။ မောင်ကအခုဆို လုပ်ငန်းပိုင်းတွေမှာဦးဆောင်နေတာမလို့ ခရီးတွေထွက်နေရတာဖြစ်သည်။ ပထမဦးဆုံးအလုပ်ခရီးမှာ မောင်ကတစ်ပတ်လောက်ကြာမယ်လို့တော့ ပြောတယ်။ အခုသွားတာတစ်ရက်သာရှိသေးပေမယ့် အိမ်မှာမောင်မရှိတာ တော်တော်သိသာသည်။
ဘမ်ရှိနေလို့တော်သေးတာပေါ့။ မဟုတ်ရင် ဂျီမင်းတစ်ယောက်ထဲ ယောင်ချာချာဖြစ်နေမှာပင်။
YOU ARE READING
Bad Boy To My Boy [ Completed]
FanfictionPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...