EP - 19

1.9K 189 33
                                    

မောင်ရှာလိုက်သည့်ပြဿနာကြောင့် နေ့ပင်မကူးသေး ဂျီမင်းဖြေရှင်းနေရပြီ။ ထယ်မင်အမေက ချက်ချင်း ဦးလေးဂျွန်ကိုတိုင်လိုက်ပုံရသည်။

"  ဟုတ်ကဲ့ပါ.. ဦးလေးဂျွန် ကျွန်တော်ပြောလိုက်ပါ့မယ် "

ချက်ချင်း ဂျောင်ကုကိုအိမ်ပြန်ခဲ့ဖို့ ဂျီမင်းကိုပြောခိုင်းနေသည်။

" မောင့်ကိုခဏပေး.."

" မရဘူး.."

မောင့်စကားကို ဦးလေးဂျွန်မကြားအောင် ခပ်တိုးတိုးလေးဖြေလိုက်တယ်။ မောင်ကလဲ သိတဲ့အတိုင်း ဖုန်းကိုသူ့လက်ထဲရအောင်ယူပြီး..

" ဒီမှာ ဒယ်ဒီ! ကျွန်တော့်ကိုတွေ့ချင်ရင် လာတွေ့! ကျွန်တော်ကတော့မလာနိုင်ဘူး.."

" ဘာကွ!! "

တစ်ဖက်ကဒေါကြီးမောကြီးအော်သံကို ဂျီမင်းကြားလိုက်ရသေး၏။ ဦးလေးဂျွန် ဒေါသထွက်ရင်လဲထွက်ချင်စရာပါ... မောင်ကတကယ် ဦးလေးဂျွန်ကိုဆို သူ့စိတ်ကူးထဲတောင်ထည့်တွက်ထားပုံမရ။ အမြဲကန့်လန့်တွေနဲ့သာပြန်ပြောလေ့ရှိပြီး စကားနာထိုးတတ်သေးသည်။

"ပြီးတော့..ကျွန်တော်ပြန်လာတာ ဒယ်ဒီ့ဆီကိုမဟုတ်ဘူး..ကျွန်တော့်ဂျီမင်းဆီကို.."

" အေး..! မင်းငါ့အိမ်ပေါ်ကိုတတ်လာဖို့စိတ်မကူးနဲ့! တောက်..တော်တော်မွေးရကျိုးနပ်တဲ့သား! "

" ဒယ်ဒီကကျွန်တော်ပြန်မလာမျိုးကို မျှော်လင့်နေတာကို သေချာပေါက်ပြန်လာဦးမှာ..ဒယ်ဒီ့အမွေတွေကိုယူဖို့..မဟုတ်ရင် ကင်မ်ထယ်ယောင်းတို့သားအမိပဲရသွားလိမ့်မယ် ဟွင်း!! "

" ဘာကိစ္စ သူတို့သားအမိကိုစကားထဲထည့်ပြောနေတာလဲ..ဂျီမင်းကိုဖုန်းပေးလိုက်စမ်း! မင်းကိုမပြောမဆိုခေါ်ထားလို့ ..! "

" ဒီမှာ..! ကျွန်တော့်ဂျီမင်းကို လေသံမာမာနဲ့တောင်ပြောမယ်မကြံနဲ့နော်..သားအဖတွေဘာတွေထည့်တွက်နေမှာမဟုတ်ဘူး!..ဒယ်ဒီ့စကားကြောင့် ကျွန်တော့်ဂျီမင်းမျက်နှာညှိုးရင် တကယ်မလွယ်ဘူး..."

" တောက်ကွာ! မင်းကိုငါမွေးထားတာနော် ဂျောင်ကု..! သတိရဦး "

" ဒယ်ဒီမွေးတာမဟုတ်ပါဘူး..မာမီမွေးထားတာပါ.."

Bad Boy To My Boy [ Completed] Where stories live. Discover now