Part 3

407 69 11
                                    

တောအုပ်အစပ်သို့ရောက်ခါနီးမှာပင် ကောင်းကင်တစ်ခွင် မိုးတိမ်များကပို၍ မှိုင်းညို့လာပြီး အမှောင်ကျလာသည်။‌အလင်းရောင်လေးနည်းနည်းရှိတုန်း တစ်ကောင်ကောင်လောက်တော့ ရအောင်ပစ်သွားမည်ဟူသော စိတ်ကပြင်းပြ‌နေသဖြင့် တောအုပ်ထဲသို့ မဆိုင်းမတွပင် ၀င်ရောက်လာခဲ့သည်။တောထဲရောက်လာမှ လုံး၀ကို အမှောင်ကျသွားသည့်အတိုင်း။သဲသဲကွဲကွဲဘာမှကို မမြင်ရတော့။

မိုးကလည်းရွာလာသဖြင့် နားခိုစရာတစ်နေရာလောက်ရှာပြီး မိုးတိတ်သွားမှ သားကောင်ပြန်ရှာဖို့ စိတ်ကူးလိုက်သည်။ထို့ကြောင့် အနောက်က‌ပါလာတဲ့ ကိုယ်ရံတော် ငါးယောက်တပ်ဖွဲ့ကို နားစရာနေရာရှာဖို့ ပြောလိုက်သည်။

“ မိုးခိုဖို့နေရာအရင်ရှာကြမယ် ”

“ အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး ”

တောထဲမှ ပြန်ထွက်လာပြီးနောက် ကိုယ်ရံတော်တပ်မှူးယောင်းက ဘုရင့်နားသို့ ရောက်လာကာ တစ်စုံတစ်ခုအား တီးတိုးပြောကြားသည်။တပ်မှူးယောင်းသည် ရှင်ဘုရင့်အား ၀မ်ထုံနယ်မြို့စားမင်းကြီး၏အိမ်တော်သည် ၀မ်ထုံတောအုပ်အနီးတွင်ရှိသဖြင့် ထိုနေရာသို့ ရွှေ့ပြောင်းရန် လျှောက်တင်လိုက်ခြင်းဖြစ်၏။ထို့နောက် ရှင်ဘုရင်ကလည်း ကောင်းပြီ ဟုဆိုကာ မြင်းနဲ့စိုင်းပြင်းစွာ ထွက်သွားလေတော့သည်။

~~~~~~~~~~~~~

“ မိုးကလည်း သည်းလိုက်တာ ဂျွန်ရယ်၊မနက်တုန်းကဖြင့် ရာသီဥတုက အသာအယာကြီးကို ”

“ အင်းလေ အချိန်အခါမဟုတ် မိုးကလာရွာနေတယ်၊ငါ့သခင်လေး လည်လို့ကောင်း‌နေတုန်းရှိသေးတာကို ”

ဂျွန်က အကဲပိုပိုလေးပြောလိုက်တော့ ကင်မ်က သဘောတကျဖြင့်ရယ်သည်။ကင်မ်က အဲ့ဒီလိုမျိုး ဂျွန်က သူ့ကို “ငါ့သခင်လေး,ငါ့ကင်မ်လေး” ဆိုပြီး သုံးနှုန်းရင် သိပ်ကိုသ‌ဘောကျတတ်သည်။ဂျွန်ကလည်း ကင်မ်သဘောကျတတ်မှန်းသိလို့ကို ဒီလိုလေးတွေ ခေါ်ဝေါ်ခြင်း...။

“ အေးနေပြီလား...မြန်မြန်လျှောက်ရအောင် ”

ဂျွန်တို့အိမ်ကနေ ကင်မ်အိမ်တော်ဆီသို့အပြန် နှစ်ယောက်သား လမ်းမှာမိုးမိကြခြင်းဖြစ်သည်။တစ်‌နေရာရာမှာ မိုးခိုဖို့ပြောတော့ အသက်တမျှလေးက မိုးရေထဲ လမ်းလျှောက်ချင်ပါသည်တဲ့လေ။

EMPRESS KIM's JEONWhere stories live. Discover now