Part 19

323 66 18
                                    

နန်းတော်ထဲရှိ ကျိန်စာတစ်ခုလိုမျိုး ဆိုးဝါးလွန်းတဲ့ဖြစ်တည်မှုနဲ့ တည်ရှိနေသော ရေခဲဆောင်၏ အရှေ့မှာ လူခြောက်ယောက်သည် ညှိုးငယ်အားလျော်စွာ ရပ်နေကြသည်။သူတို့ထဲမှ တစ်ယောက် အတိအကျပြောရလျှင် မြောက်နန်းစံသည် ဒီနန်းဆောင်ထဲကို သိပ်မကြာခင်အချိန်တွင်းမှာ ၀င်သွားရတော့မည်ဖြစ်သောကြောင့် မျက်နှာပျက်နေကြခြင်း၏။

ရေခဲနန်းဆောင်သည် ဂိုလျောပြည်ကိုပထမဆုံးအကြိမ်တည်ထောင်ခဲ့ ဘုရင်လက်ထက်တည်းက ရှိနေခဲ့ခြင်းဖြစ်သည်။နန်းတွင်းထဲရှိ တော်၀င်မျိုးနွယ်တို့ကို အပြစ်ဒဏ်စီရင်သည့်နေရာဆိုရင်လည်း မမှားချေ။ဒီနန်းဆောင်ထဲမှာ အသက်ပေါင်းများစွာ သေခဲ့ဖူးပြီးပြီဖြစ်သည်။နှစ်တွေအလီလီပြောင်းခဲ့ပါသော်လည်း ဒီနန်းဆောင်ကြီးက မပျက်မသုဉ်းတည်ရှိနေတုန်းပင်ဖြစ်သည်။သဘာ၀ ဘေးဒဏ်၊လူတို့ဘေးဒဏ် ရိုက်ခတ်ခြင်းမခံရပဲ နှစ်ပေါင်းရာနဲ့ချီ တည်တံ့နေသည့် ဒီနန်းဆောင်ကြီးသည် လူတိုင်းအမြင်မှာတော့ လျှို့ဝှက်ဆန်းကြယ်သောပုစ္ဆာတစ်ခုလိုပင်။

ဂိုလျောပြည်ရဲ့ ပထမဆုံးဘုရင်က မင်းမြတ်မင်းကောင်းပီသ၍ ပြည်သူတွေအပေါ် တရားနှင့်အညီအုပ်ချုပ်ခဲ့သောကြောင့် သူ့ရဲ့ဘုန်းရှိန်အာဏာစက်က ပြင်းထန်လှသည်။ 'လူမင်းဘုန်းကြီး နတ်မင်းမနေနိုင်' ဆိုသလို လူတင်မက နတ်များကပါ ကြည်ညိုရတဲ့အထိ ဘုန်းတန်ခိုးနှင့်ပြည့်စုံသူဖြစ်သည်။ထိုသို့သော အရှင်က လူ့ပြည့်မှာ နေထိုင်ဖို့ ကံမကုန်သေးပါသော်လည်း သူ့ဝိဉာဉ်ကို မိုးနတ်မင်းထံပေးအပ်၍ ဒီနန်းဆောင်ကို ထာ၀ရတည်တံ့နေစေဖို့ အလဲအထပ်ပြုထားခဲ့ခြင်းဖြစ်၏။

နွေ၊မိုး‌၊‌ဆောင်း ဥတုသုံးပါးလုံး ဒီနန်းဆောင်မှာ နှင်းပွင့်တွေက အမြဲမပြတ်ရှိနေသည်။မှိုင်းညို့ညို့အသွင်အပြင်ဖြင့် နန်းဆောင်တွေရဲ့ မူအတိုင်း ခမ်းနားထည်၀ါခြင်း အလျဉ်းမရှိပဲ ခြောက်ခြားစရာ အငွေ့အသက်တွေလွှမ်းခြုံနေသောကြောင့် ဒီနန်းဆောင်ဘက်ကို ဘယ်သူမှခြေဦးမလှည့်ရဲကြ။တချို့တွေကလည်း ရေခဲနန်းဆောင်ကြီးကိုကျိန်စာသင့်နန်းဆောင်ကြီးဟု ပြောစမှတ်ပြုကြသည်။၀င်ချင်တိုင်း၀င်ပြီး ထွက်ချင်တိုင်းပြန်ထွက်လို့မရ။သေချာတာတစ်ခုကတော့ ဒီနန်းတော်က ဘယ်သူမှ သေချာရေရာစွာ နားမလည်နိုင်သော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုဆိုတာပဲ ဖြစ်၏။

EMPRESS KIM's JEONWhere stories live. Discover now