Part 20

393 58 20
                                    

နန်းတော်ထဲတွင် အိုမျိုးရိုး၏ မသမာမှု၊ အခွင့်အာဏာကိုအလွဲသုံးစားပြုမှုတို့ကို သက်သေအလုံအလောက် လက်၀ယ်စုဆောင်းထားပြီးဖြစ်၍ ထိုက်တန်သောအပြစ်ဒဏ်ကို  ချမှတ်ဖို့ရန် ညီလာခံကျင်းပနေကြသည်။ဘုရင်မင်းမြတ်၏ မျက်နှာထားသည် ဒီနေ့ကျမှ အရင်ရက်တွေထက် သာကဲ၍ တင်းမာနေသယောင်။

“ မြောက်ပိုင်းနယ်စပ်က သူပုန်တွေရဲ့ဦးဆောင်သူက အမတ်ကြီးအိုပါလို့ သူပုန်သားတစ်ဦးက ၀န်ခံထားတာတောင် မဟုတ်ဘူး ငြင်းချင်သေးတာလား ”

“ လုပ်ကြံစွပ်စွဲခြင်းပါဘုရားး ”

အမတ်ကြီးအိုက အဆုံးထိကို မလျှော့ပဲ ငြင်းနေတုန်းပင်ဖြစ်၏။မိဖုရားကြီးနဲ့ ပေါင်းပြီး ကြင်ယာတော်နဲ့ဘုရင်မင်းမြတ်ကို အောက်လမ်းနည်းနဲ့ လုပ်ကြံတဲ့ကိစ္စကိုလည်း အစောပိုင်းတည်းက သိထားပြီးဖြစ်၍ လက်ဦးမှုယူပြီး တားနိုင်ခဲ့သည်။ထီးနန်းရယူဖို့အတွက် မျိုးစုံသော ယုတ်မာတဲ့နည်းလမ်းတွေကို သုံးထားတာတောင် အပြစ်ကင်းသူလို ဟန်ဆောင်နိုင်သေးတာ တကယ်အံ့ဩမိပါသည်။

“ ဒီလောက်သက်သေတွေများနေတာတောင် အဆုံးထိကို ၀န်မခံသေးတော့လည်း ကိုယ်တော်လည်း ဘာမှငဲ့ညှာနေစရာမရှိတော့ဘူး ”

“.... ”

“ အမတ်ကြီးအိုနှင့်မိဖုရားကြီးအား အကျဉ်းချပြီး အပြစ်တွေ၀န်ခံလာတဲ့အထိ နှိပ်စက်စေ၊အိုမျိုးရိုးစုကိုလည်း ရာထူးတန်ဆာ အဆောင်အယောင်တွေ ချ၍ မတရားသဖြင့်ရှာထားတဲ့ပိုက်ဆံတွေကို ချို့တဲ့‌,တဲ့ပြည်သူတွေကို ပြန်လည်လှူဒါန်းစေ၊အိုအမတ်ကြီးနဲ့ ပူးပေါင်းထားတဲ့ အမတ်မင်းတွေကိုလည်း အမတ်မင်းရာထူးမှ နှုတ်ထွက်စေ ”

ဘုရင်မင်းမြတ်ရဲ့အမိန့်အဆုံးမှာ ညီလာခံဆောင်အတွင်း လက်ဝဲလက်ယာနှစ်ဖက် အသင့်ရပ်နေကြသော ရဲမက်တွေက ချက်ချင်းပင် အိုအမတ်ကြီးကို ဖမ်းဖို့လုပ်သည်။ထိုစဉ်....

ဝုန်း!

ညီလာခံဆောင်တံခါးက ပြင်းထန်စွာပွင့်လာပြီး လက်နက်တန်ဆာအပြည့်အစုံဖြင့် ၀တ်ရုံနက် ၀တ်ဆင်ထားတဲ့ လူများက အလျှိုလျှို ၀င်ရောက်လာကြသည်။ထို့နောက် ရုတ်ချည်းပင် ဘုရင်မင်းမြတ်ပလ္လင်နားသို့ တက်သွားကာ ဘုရင်မင်းမြတ် ဦးခေါင်းကို ဓားဖြင့်ချိန်ရွယ်ထားကြ၏။ရုတ်တရပ်ဆန်လွန်းလှသဖြင့် ဘုရင်မင်းမြတ်မှာ အငိုက်မိသွားရသည်။

EMPRESS KIM's JEONWhere stories live. Discover now