Part 8

347 60 20
                                    

“ ဒါ ကြင်ယာတော်ကင်မ့်အနားမှာ အမြဲအတူရှိနေမယ့် ကိုယ်ရံတော် ”

အရှင်ပြောပြီးတာနဲ့ ထိုစစ်သည်ကလည်း ဒီဘက်လှည့်ကြည့်လာသည်။ကင်မ်ကြည့်လိုက်တော့ မနေ့က ဝေါယာဉ်ပေါ်မှာ သူ့ကို နွေးနွေးထွေးထွေးပြုံးပြသော စစ်သည်ဖြစ်၏။

“ ‌ကျွန်တော်မျိုးနာမည် ကင်မ်ထယ်ယောင်းပါ၊အရင်က အရှင်မင်းကြီးအပါးမှာ အမြဲခစားနေတဲ့ ကိုယ်ရံတော်တပ်မှူးပါ အရှင့်သား ”

“ ကျွန်တော်မျိုးဘယ်သွားသွား သူက လိုက်မှာလား အရှင် ”

“ ဟုတ်တယ်၊မင်းကို ဆံခြည်မျှင်တမျှင်လောက်လေးထိခိုက်ဖို့ကြံရွယ်သူဆိုရင်တောင် တပ်မှူးယောင်းနဲ့တွေ့ရင်  မရဏလမ်းကို တခါတည်းအကြွပဲ ”

ခပ်တည်တည်ဖြင့် မှုန်တေတေပြောနေသော အရှင့်စကားတွေကြောင့် ကင်မ်လည်း အနည်းငယ်အသက်ရှူချောင်ရသည်။ဘယ်လိုပဲဖြစ်ဖြစ် အရှင်က သူ့ဘက်မှာဖြစ်သည့်အတွက် နန်းတော်ထဲမှာ နေရတာ သိပ်ပြီးအန္တရာယ်များမှာ မဟုတ်လောက်။

“ ဒါဖြင့် နန်းဆောင်ကို ပြန်ခွင့်ပြုပါဦး အရှင်..ကျွန်တော်မျိုးနားချင်လာလို့ပါ ”

“ အင်း ”

ကင်မ်လည်း ဘုရင့်နန်းဆောင်မှ ပြန်ကြွလာပြီးနောက် လမ်းမှာ အမတ်မင်းများနှင့်ဆုံသည်။

“ နှုတ်ဆက်ပါတယ် ကြင်ယာတော်ကင်မ် ”

နှုတ်ခမ်းမွေးဖြူဖြူနဲ့ အိုမင်းရင့်ရော်ဟန်အထင်းသားဖြစ်‌နေသော အမတ်အိုကြီးက ကင်မ့်အား မြင်မြင်ခြင်း နှုတ်ဆက်ဂါရ၀ပြုဦးညွှတ်သည်။ထို့နောက် နောက်က အမတ်များကလည်း ပြိုင်တူညီညာစွာ ကင်မ့်အား ဂါရ၀ပြုလိုက်ကြ၏။

“ အဲ အဲ နှုတ်ဆက်ပါတယ်..သွားစရာလေးအလျင်လိုနေလို့ ခွင့်ပြုပါဦးနော် ”

ကင်မ်လည်း ဘာပြန်ပြောရမှန်းမသိတာကြောင့် နှုတ်ဆက်ပြီးတာနဲ့ ကပျာကယာပြေးထွက်သွားတော့သည်။အားလုံးဟာ အပြုံး‌ချိုချိုနဲ့နှုတ်ဆက်နေကြပေမယ့် ဒီအပြုံးတွေဟာ မစစ်မှန်းသူရိပ်မိသည်။ထိုကဲ့သို့ အတုအယောင်အပြုံးတွေနားမှာ သူ ကြာကြာမနေလိုပါ။

EMPRESS KIM's JEONWhere stories live. Discover now