Part 13

309 60 18
                                    

“ အဖေ သမီးကိစ္စက ဘယ်တော့မြန်မြန်ပြီးမှာလဲ.. ”

အိုဆွန်းယူက အိုအမတ်ကြီးရဲ့အဆောင်တော်ထဲသို့ ၀င်၀င်ချင်း စိတ်မရှည်တော့ဟန်လေသံဖြင့် မေး၏။အိုအမတ်ကြီးက ထိုင်ပြီး ပေလွှာပေါ်မှာ စာရေးရင်းနဲ့မှ အဆောင်တွင်းသို့ ဒေါနဲ့မောနဲ့၀င်လာသော သမီးဖြစ်သူကို တချက်မော့ကြည့်သည်။

“ ထူးထူးဆန်းဆန်း ဘယ်လိုတွေဖြစ်လာတာလဲ ”

“ မြောက်နန်းစံအရှင်က သမီးကို လူကြားထဲမှာ အရှက်ခွဲလိုက်တယ် အဖေ၊‌ ဒေါသတွေထွက်လိုက်တာဆိုတာ အရမ်းပဲ၊သူက သမီးထက် ပိုပြီးအာဏာရှိတယ်ဆိုတိုင်း ဘ၀င်မြင့်‌နေတာ။ဒီကိစ္စမြန်မြန်အကောင်အထည်ပေါ်မှ သူ့ကို သမီး ကလဲ့စားပြန်ချေလို့ရမှာ ”

“ မင်းကြီးက အခုဒီသတင်းကိုစုံစမ်းနေလို့ လုပ်ချင်သလို တဇွတ်ထိုးလုပ်လိုက်လို့မရဘူး။အချိန်တစ်ခုတော့ စောင့်ပေး ”

“ မြန်နိုင်လေ ကောင်းလေပဲ အဖေ၊သမီး သူ့ကို မြင်တောင်မမြင်ချင်တော့ဘူး ”

“ အေးဆေးပေါ့၊အဖေ့သမီးလေး ဖြစ်ချင်တာတွေ အကုန်ဖြစ်မြောက်အောင် ဖြည့်ဆည်းပေးမှာပါ ”

အဖေ့စကားကြောင့်သာ တင်းနေတဲ့စိတ်တွေက အနည်းငယ်ပြေလျော့သွားသည်။သူမငယ်ငယ်တည်းက အဖေဖြစ်သူက လိုချင်တာမှန်သမျှ ဘာမဆိုရအောင်ယူပေးခဲ့တာချည်းပဲ မဟုတ်ပါလား။ဒီတခေါက်ကိစ္စမှာလည်း အဖေ့ကိုပဲ ယုံယုံကြည်ကြည်ပုံအပ်ထားပြီး ကင်မ်မျိုးနွယ်တစ်စုလုံးကို အမြစ်ဖြတ်ရမယ့် နေ့ရက်တွေကို ရောက်လာဖို့လက်ချိုးရေပြီးထိုင်စောင့်နေမည်။

~~~~~~~~~~~~

“ အရှင်မင်းကြီး မြောက်နန်းစံအရှင် ကြွချီလာပါတယ် ”

အထိန်းတော်ဂျွန်း၏စကားကြောင့် သလွန်စောင်းပေါ်လဲလျောင်းနေရာမှ ချက်ချင်းငုတ်တုတ်ထ,ထိုင်မိလိုက်သည်။ဘုရင်တစ်ပါးရဲ့ မရှိမဲ့ရှိမဲ့ လက်ကျန်မာနတွေကြောင့် လွမ်း‌နေပါသော်လည်း တခါမှသွားမတွေ့ခဲ့။အခု‌တော့ ဆာကူရာလေးက သူကိုယ်တိုင်ရောက်လာပါသည်တဲ့လား။ထိုနေ့က ဖြစ်ရပ်က ခွင့်လွှတ်ချင်စရာသိပ်မကောင်းပါသော်လည်း သူက ချစ်မိသူ‌ဆိုတော့လည်း နားလည်ပေးလိုက်ဖို့ဆုံးဖြတ်ထားပြီးဖြစ်သည်။ပိုချစ်မိသူဘက်က အလိုလိုအရှုံးပဲဆိုတာ သဘာ၀တရားပဲလေ။

EMPRESS KIM's JEONWhere stories live. Discover now