Part 24

369 55 35
                                    

ဂိုလျောပြည်၏ နန်းတော်တွင်း၌  ‌စည်ထုသံကြီးကား အက်ကွဲလှစွာ တုန်ခါမြည်နေလျက်ရှိသည်။ဝမ်းနည်းပူဆွေးကြောင်း အထိမ်းအမှတ်အနေဖြင့် ငါးကြိမ်ငါးခါ ထုခတ်နေသော စည်သံကား အများပြည်သူတို့၏ ရင်တွင်းနှလုံးသားထဲသို့ ‌တမြေ့မြေ့ တိုက်စားလျက်ရှိ၏။စည်တီးသံ ဆုံးသည်နှင့် တပြိုင်နက် အနက်ရောင်အလံအား ဘုရင့်နန်းမဆောင်၏ ခေါင်မိုးထိပ်ထိ ကျော်အောင် လွှင့်တင်လိုက်သည်။

~ဂိုလျောပြည်၏ အရှင်ဘုရင်မင်းမြတ် နတ်ရွာစံတော်မူခြင်း~

နန်းတော်အလယ်ရှိ နတ်ရွာစံသွားသူ အရှင်၏ အရိုးပြာအိုးအား ထားရှိထားသော စင်မြင့်ထက်ပေါ်သို့ ခြေလှမ်းတစုံက နှေးကွေးစွာ လျှောက်လှမ်းလာလေနေသည်။ထိုခြေလှမ်းပိုင်ရှင်၏ နောက်တွင်တော့ စစ်ဝတ်တန်ဆာအပြည့်အစုံဖြင့် စစ်သူကြီးက အကာအကွယ်အနေဖြင့် ထပ်ကြပ်မကွာ လိုက်ပါလာ၏။

ဘာအဆင်တန်ဆာမှ မပါရှိလေသော အဖြူရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး တုန်ချိယိုင်နဲ့နေသော ခန္ဓာကိုယ်ပိုင်ရှင်သည် အရိုးပြာအိုးရှိရာသို့ ရောက်သည်နှင့် ဖြူဖွေးသွယ်လျပြီး သွေးရောင်ပျောက်ဆုံးနေသော ဖြူဆုတ်ဆုတ် လက်တစုံဖြင့် အရိုးပြာအိုး၏ အဖုံးအား အသာအယာထိတွေ့ပွတ်သပ်လိုက်လေသည်။

ထို့နောက် သက်ပြင်းတရှိုက်ချကာ အားယူလိုက်ပြီး အရိုးပြာအိုးကို ရင်ဝယ်တွင်းသို့ ပွေ့ပိုက်လိုက်သည်။ရင်ခွင်တွင်း၌ ကျစ်ကျစ်ပါအောင် ‌ပိုက်ထားရင်းဖြင့် ပြာလဲ့လဲ့ မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။

အရှင်သည် ကင့်မ်အား ‌စမြင်တည်းက ချစ်ပေးလာခဲ့လိုက်တာ နောက်ဆုံးအချိန်ထိ အသက်ရင်းပြီးချစ်ခဲ့ပေးတုန်းပင်။ဘယ်ဘဝက အပြစ်ကြွေးတွေကြောင့်များ ဒီဘဝမှာ ဒီလောက်ထိ အဖြစ်ဆိုးစွာ ဝဋ်ကြွေးဆပ်ခဲ့လိုက်ရပါသနည်း။အခုနေ ကောင်းကင်ပေါ်ကနေ အရှင်တယောက် ကင်မ်တွေးနေတာတွေကိုသာ ကြားနိုင်ခဲ့မည်ဆိုလျှင်  ကင်မ့်အပေါ် ပေးဆပ်ခဲ့သမျှက ဝဋ်ကြွေးမဟုတ်ပဲ ချစ်ခြင်းမေတ္တာတခုသာ ဖြစ်ကြောင်း ဆာကူရာလေးကို ရှင်းပြပေးမည်ဖြစ်မှာ အသေအချာ။

You've reached the end of published parts.

⏰ Last updated: May 27 ⏰

Add this story to your Library to get notified about new parts!

EMPRESS KIM's JEONWhere stories live. Discover now