Part 5

365 67 16
                                    

မိုးရေတွေနဲ့ အမြင်ဝေဝါးနေသည့်ကြားမှ မပီမသမြင်လိုက်ရသည့် မြင်ကွင်းကား ရင်ကို လှိုက်ခနဲဖိုမိသည်အထိ စွမ်းနိုင်ခဲ့ပါသည်။မိုးစက်များအောက်မှာ ပြုံးပျော်နေသည့် ကောင်လေးတစ်ယောက်။သေချာအနီးကပ်ကြည့်ရှုခြင်း မဟုတ်တာတောင် အအေးဒဏ်ကြောင့်  ပန်းနုရောင်သမ်းသော ပါးပြင်နှစ်ဖက်သည် ဆာကူရာပန်းပွင့်ချပ်လေးတွေအလား မျက်လုံးထဲမှာ ထင်းခနဲ လှပနူးညံ့‌နေခဲ့ပါသည်။

နေထိုင်လာတဲ့ သက်တမ်းတလျှောက် မျိုးစုံသောအလှတရားတွေ၊ပုရိသယောကျာ်းတွေအဖို့ လှိုက်မောရင်ဖိုစရာ အလှမျိုးတွေ မြင်ခဲ့ဖူးပါသော်လည်း တခါလေးမှ ဒီလိုမခံစားမိခဲ့။ဒီလူကတော့ မိန်းကလေးတွေအရှုံးပေးလောက်အောင် လှရက်လွန်းသည့် အလှတရားပိုင်ရှင်ဖြစ်သည်။ဖျတ်ခနဲမြင်လိုက်တွေ့လိုက်ရတာတောင် နှစ်ပေါင်းများစွာတည်ငြိမ်နေသော နှလုံးသားကိုလှုပ်ခတ်နိုင်စွမ်းရှိသည်အထိ လွှမ်းမိုးမှုကြီးလှပါသည်။

ဘယ်အရပ်ကလဲ၊ဘယ်မျိုးရိုးကလဲ၊ဘာအလုပ်လုပ်ကိုင်လဲဆိုတာကို မသိရပဲနဲ့တောင် ချစ်ခင်စိတ်က ရင်တွင်း၌ဖြစ်တည်လာသည်။တိုင်းပြည်ရဲ့ ထွဋ်ခေါင်တစ်ခုလို မြင့်မြတ်လှသော အရှင်ဘုရင်အတွက် နှလုံးသားစေရာအတိုင်း ထင်ရာစိုင်းပစ်လိုက်လို့မရဘူးဆိုတဲ့အချက်ကိုတောင် ဂရုမစိုက်နိုင်အောင် သတိလက်လွတ်ဖြစ်မိသည်အထိ။

တည်းခိုရမယ့်နေရာဆီသို့အရောက် ကိုယ်တွေ့ခဲ့သည့် ဆာကူရာလေးဟာ ၀မ်ထုံနယ်စားမင်း၏သားတော်ဆိုတာကို သိလိုက်ရတာနှင့်တပြိုင်နက် ရင်ထဲမှာခံစားလိုက်ရတဲ့ ကျေနပ်အားရမှုက ပြောမပြတတ်လောက်အောင်ပင်။မျိုးရိုးနိမ့်ထဲကဖြစ်နေရင်တောင် မရ,ရတဲ့နည်းနဲ့ ပိုင်ဆိုင်ဖို့ကြိုးစားမှာပေမယ့် အခုလိုအထက်တန်းလွှာတစ်ယောက်ဖြစ်နေတော့လည်း သိပ်ပြီးတော့ ခက်ခက်ခဲခဲတွေ အတိုက်အခိုက်လုပ်နေစရာမလိုတော့ဘူးပေါ့။

မြင်မြင်ခြင်းအချစ်က ဒီလောက်တောင်မှပဲလားဆိုပြီး မေးလာကြရင် ခင်ဗျားတို့ကြုံရင်သိမှာပေါ့ဟုသာ ပြန်ဖြေမိလိမ့်မည်။တစ်ယောက်နဲ့တစ်ယောက်ဖြစ်တည်ပုံချင်းမတူလို့ ခံစားရတဲ့နှလုံးသားချင်းလည်းတူမှာမဟုတ်။ကိုယ့်အတွက်တော့ တဒင်္ဂလေးမြင်တွေ့ခွင့်လိုက်ရသော ဆာကူရာလေးဟာ သံသရာတစ်ခုလုံးစာထိ သယ်ပိုးသွားမိချင်သော အနှောင်အဖွဲ့လေးတစ်ခု။

EMPRESS KIM's JEONWhere stories live. Discover now