Part 14

314 59 22
                                    

“ ကိုယ်တော်ပြောထားတဲ့အတိုင်း စစ်သည်တွေစုဆောင်းထားပြီးပြီလား စစ်သူကြီးဂျီ ”

“ မှန်ပါ့ အရှင်မင်းကြီး၊တတ်နိုင်သလောက်တော့ လိုက်လံစုဆောင်းထားပါတယ် ”

“ အင်း၊လက်ရှိ ငါတို့ဘက်က လက်ကျန်စစ်သည်တွေရော၊အသစ်တွေကိုရော သေချာလေးလေ့ကျင့်ပေးထားပါ ”

“ တကယ်ကြီး ရင်ဆိုင်တော့မှာလား အရှင်မင်းကြီး ”

အထိန်းတော်ဂျွန်းက ဘုရင်မင်းမြတ်ကို စိုးရိမ်စွာဖြင့် စိတ်မချဟန် မေးသည်။ဒီနှစ်တွေထဲမှာ ငြိမ်ခံနေလာတယ်ဆိုတာကလည်း ပြည်သူတွေမျက်နှာကြည့်နေလို့သာ။အခုတော့ အပြစ်မဲ့ပြည်သူတွေကိုပါ ထိပါးလာသဖြင့် ဒီတိုင်း ငြိမ်ခံကြည့်နေလို့ မရတော့။

“ ဒီလိုရက်မျိုးကို ရောက်လာဖို့ အများကြီးပြင်ဆင်‌ထားခဲ့ပြီးနေပြီ။ဒီတခေါက်တော့ တချီတည်း လက်စသတ်ပစ်မှရမယ် ”

အိုမျိုးနွယ်စုက လွှတ်ထားတိုင်း ရောင့်တက်နေခြင်းဖြစ်သည်။ဘိုးဘေးဘီဘင် အဆက်ဆက်တည်းက ဘုရင်မျိုးနွယ်နှင့် ဆွေမျိုးတော်စပ်လာကြပြီး အရာရာကို ဘုရင့်အထက်ကနေ ခြယ်လှယ်ချင်နေကြတာ။အခု သူ့လက်ထပ်မှာ ဒီခြအုံကြီးကိုမဖျက်ဆီးနိုင်ပဲ သေလို့မဖြစ်သေး။သေရမယ်ဆိုရင်တောင် ဒီကောက်ကျစ်စဥ်းလဲလွန်းလှတဲ့ မျိုးနွယ်စုကို သုတ်သင်ပြီးမှသာ အသေခံနိုင်မည်။

“ ဟို နတ်ဆရာမရော တွေ့ပြီလား ”

“ မတွေ့သေးပါဘူး အရှင်၊ကြည့်ရတာ သူတို့အပိုင်တစ်နေရာရာမှာ ဝှက်ထားလိုက်ပြီထင်တယ် ”

“ စစ်သူကြီးဂျီက လောလောဆယ် ကိုယ်လုပ်တော်အိုဆွန်းယူရဲ့ သွားလာလှုပ်ရှားမှုမှန်သမျှကို လူလွှတ်ပြီး မျက်ခြည်မပြတ် စောင့်ကြည့်ခိုင်းထား ”

“ အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး ”

“ ဟိုလေ နန်းတော်ထဲမှာ သတင်းတစ်ခုဂယက်ရိုက်နေပါတယ် အရှင်မင်းကြီး ”

“ ဘာလဲ... ”

“ မိဖုရားခေါင်ကြီးမြှောက်ဖို့အတွက်ကိုပါ အရှင်မင်းကြီး၊မြောက်နန်းစံအရှင်က ကိုယ်၀န်မဆောင်နိုင်တော့ မိဖုရားခေါင်ကြီးနေရာကို တစ်ယောက်ယောက်ကို ခန့်အပ်ပြီး တော်၀င်သွေးသား ယူဖို့ကို ပူညံနေကြပါတယ် ”

EMPRESS KIM's JEONWhere stories live. Discover now