Part 22

388 60 31
                                    

အိမ်မက်ဆန်ဆန် အဖြစ်အပျက်နှင့်အတူ မြေအောက်ခန်းထဲ၌ ပုံလျက်သားလေး လဲကျသွားသော မြောက်နန်းစံသည် သတိပြန်လည်လာတဲ့အခါ ‌သူ၏ခန္ဓာကိုယ်သည် မြေအောက်ခန်းထဲမှာ မရှိနေတော့။သတိပြန်ရတာနဲ့ သူ့အတွေးထဲသို့ ချက်ချင်းဝင်ရောက်လာသည်က အလင်းရောင်တွေဖြာထွက်‌နေတဲ့ ဖန်လုံးလေး။

လှဲနေရာမှ ငုတ်တုတ်ထထိုင်ကာ ဘေးဘီဝဲယာကို ကြည့်လိုက်မိတော့ ကင်မ်သည် အခန်းကြီးတခုထဲမှာ ရောက်နေလေ၏။ဒီနန်းဆောင်ကို ရောက်တည်းက ကင်မ် ဒီလိုမျိုးအခန်းကို ‌မတွေ့ဖူးသေး။သလွန်တစ်ခုကလွဲရင် ကျန်တဲ့ပရိဘောဂ ဗလာကျင်းနေသည့် ထိုအခန်း၏ အလယ်တည့်တည့်က ကျောက်စားပွဲပေါ်တွင် ဖန်လုံးလေးက အလင်းတွေဖျော့တော့လျက် တည်ရှိနေ၏။

စားပွဲပေါ်က ဖန်လုံးကို ကင်မ်မြင်တာနဲ့ ချက်ချင်းပင် နေရာမှထကာ ထိုဖန်လုံးရှိရာသို့ လျှောက်သွားလိုက်သည်။ထိုဖန်လုံးနဲ့ ကင်မ်နဲ့ နီးကပ်လာသည်နှင့်အမျှ ဖန်လုံး‌က အလင်းရောင်တွေ ပိုထွက်လာသည်။ထူးဆန်းလွန်းလှသောကြောင့် ကင်မ် ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်ဖြစ်ရသည်။သူ့ဘဝတလျှောက် ဒီလိုမျိုးမှော်ဝင်ပစ္စည်းကို တခါမှမမြင်ဖူးခဲ့ပဲလေ။

ဖန်လုံးရှေ့တည့်တည့်ကို ကင်မ်ရောက်သွားသည်နှင့် ထိုဖန်လုံးရဲ့မျက်နှာပြင်မှာ ကင်မ် သူ့မျက်နှာကိုသူပြန်မြင်နေရသည်။ကြေးမုံတချပ်အလား ကိုယ့်ပုံရိပ်ကို ကိုယ် ကြည်ရှင်းစွာမြင်နေရသော ဖန်လုံးကြောင့် ကင်မ် မျက်လုံးတွေဝိုင်းစက်သွားရ၏။

*ဘယ်လို...ဖြစ်လို့ သူ့ဆံပင်တွေက ဖြူသွားရတာလဲ...*

ကင်မ် မယုံကြည်နိုင်စွာ သူ့ခေါင်းကိုကိုင်ကာ ဆံပင်တချောင်းကို ဆွဲနှုတ်ကြည့်လိုက်တော့ တကယ်ကိုပင် သူ့ဆံပင်တွေက နှင်းပွင့်ပမာ ဖြူစွတ်နေသည်။ထို့နောက် ရောင်ခြည်အလင်းတွေ ထုတ်လွှတ်နေတဲ့ ဖန်လုံးကို ကင်မ် နောက်တကြိမ်ထပ်ထိဖို့ရန် ကြိုးပမ်းလိုက်သည်။ကင်မ် တုန်တုန်ရီရီဖြင့် ထိုဖန်လုံးအား လက်ဖျားလေးနဲ့ထပ်ထိလိုက်တဲ့အခါ...

ဖန်လုံးမှ အလင်းတန်းတွေသည် အငွေ့ပမာ လေထဲသို့ပျံတက်သွား၏။သို့သော် ‌လေထဲမှာ အငွေ့အဖြစ်နဲ့ ပျောက်ကွယ်သွားခြင်းမျိုးမဟုတ်။ကင်မ့်အရပ်ထက် ခေါင်းတလုံးစာလောက်အမြင့်မှာ ထိုအလင်းတန်းတွေက ရပ်တန့်သွား၏။ကင်မ်အံ့ဩစွာဖြင့် ကြည့်နေတုန်းမှာပဲ ထို တလက်လက်ထနေသော အလင်းစုလေးများက ဖြည်းညှင်းစွာရွေ့လျားကာ စာလုံးများအဖြစ် ပုံဖော်နေကြသည်။

EMPRESS KIM's JEONWhere stories live. Discover now