Part 11

327 52 11
                                    

ကံကြမ္မာရဲ့ ကျီစယ်မှု အလှည့်အပြောင်းတွေက ပြဇာတ်ဆန်ဆန် လျှပ်တပြတ်ဆန်လွန်းခဲ့ပါသည်။အိမ်မက်တစ်ခုသာဖြစ်ပါစေဆိုပြီး ရူးမိုက်စွာ အကြိမ်ကြိမ်ဆုတောင်းနေခဲ့ပါသော်လည်း အိမ်မက်မဟုတ်ပဲ တကယ့်လက်တွေ့ဘ၀ပါ ဆိုပြီးလှုံ့ဆော်သတိပေးနေတဲ့ အသိစိတ်ကြောင့် မရူးသွားရုံတမယ်။

သေခြင်းတရားကို ဘယ်သူမှမလွန်ဆန်နိုင်မှန်း နားလည်ထားပေမယ့် ဂျွန်ကတော့ လောကကြီးထဲက ထွက်သွားဖို့ စောလွန်းသေးသည်မဟုတ်ပါလား။ဒီလိုသာဖြစ်မယ်မှန်းသိခဲ့ရင် ဘုရင့်အမိန့်ကို လွန်ဆန်ပြီး သူ ဒီနန်းတော်ကိုလာခဲ့မှာမဟုတ်။ဂျွန့်အနားမှာ နေပြီး အဲ့ဒီတောင်ကမူပေါ် သွားမထိုင်ဖို့ တားမိခဲ့မှာ။အခုတော့ အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်သည်။

ဘယ်တော့မှထပ်မတွေ့ရတော့ဘူး၊နောက်တကြိမ်ထပ်ဆုံခွင့်မရှိတော့ဘူး ဟူသော အသိက စိတ်ကို အကြိမ်ကြိမ်သတ်သည်။ရင်ဘတ်ထဲက နာရလွန်းလို့ မျက်ရည်တောင်မထွက်နိုင်တော့။အခုချိန်မှာ ရင်ထဲမှာ ပူလောင်နေပြီး နာကျင်ရတာကလွဲရင် သူ့ခေါင်းထဲမှာ ဘာမှမရှိ။ဘယ်သူ့ကိုမှလည်း စကားမပြောဘဲ နေ့ချင်းညချင်း အခြားလူတစ်ယောက်လို ဖြစ်သွားသော သူ့ပုံစံက မြင်ရသူတိုင်း ရင်ထဲမချိ။

“ ထမင်းသေချာစားရဲ့လား ”

“ နည်းနည်းပဲ စားပါတယ် အရှင်မင်းကြီး၊ကျွန်တော်မျိုးတို့လည်း အမျိုးမျိုးဖျောင်းဖျနှစ်သိမ့်ပေးပေမယ့် အရှင်မင်းကြီးကိုယ်တိုင် သွားနှစ်သိမ့်ပေးတာက ပိုကောင်းမလားလို့ ”

အထိန်းတော်ဟိုရဲ့လျှောက်တင်ချက်က သင့်လျော်သည်ဖြစ်သော်လည်း သူ့မှာလည်း ကိုယ့်၀မ်းနာကိုယ်သာသိ။ကိုယ်ချစ်တဲ့လူက သူချစ်တဲ့လူအတွက် နာကျင်ခံစားနေရတာကို ဘယ်လိုစိတ်နဲ့များ ကြည့်ရက်ပါ့မလဲ။ထို့ကြောင့် မြောက်နန်းဆောင်ကို မကြွပဲ အထိန်းတော်ဟိုကိုသာ တစ်နာရီကို ငါးခါလောက် အကျိုးအကြောင်းသတင်းပို့ခိုင်းခြင်းဖြစ်သည်။

“ အရှင့်သားက အခုမှ ကလေးပဲရှိသေးတဲ့အပြင် ဒီနန်းတော်မှာအားကိုးရာဆိုလို့ အရှင်မင်းကြီးတစ်ယောက်ပဲရှိတာပါ၊အရှင်မင်းကြီးကိုယ်တိုင် သွားသင့်ပါတယ်ဘုရား ”

EMPRESS KIM's JEONWhere stories live. Discover now