Part 4

383 68 16
                                    

“ ဦးလေး...မနေ့ကဧည့်သည်တွေပြန်သွားပြီလား ”

ကင်မ်မနိုးခင် ဂျွန်အရင်ဆုံး အိပ်ယာမှထပြီးနောက် နယ်စားမင်းကြီး၏ အဆောင်သို့သွားကာ စာအုပ်ထိုင်ဖတ်နေသည့် နယ်စားမင်းကြီးအား အမေးတော်ရှိလိုက်သည်။

“ အေး...မိုးမလင်းခင်ပဲ ပြန်ထွက်သွားကြတာ ”

“ ဪ တော်သေးတာပေါ့ ”

“ ဘာဖြစ်လို့လဲ ”

“ အာ ဘာမှမဟုတ်ပါဘူး ဦးလေး ”

နယ်စားမင်းကြီးရဲ့ အမေးကို ဂျွန် ပျာပျာသလဲပင်  ငြင်းဆိုမိလိုက်သည်။

“ဒါနဲ့ မနေ့က ဧည့်သည်တွေထဲက တစ်ယောက်ယောက်နဲ့ ကင်မ်လေးနဲ့ ဆုံပြီး စကားတွေဘာတွေ ပြောဖြစ်ကြသေးလား ”

“ ဟင့်အင်း  မပြောဖြစ်ပါဘူး ဦးလေး၊ဘာလို့လဲ ”

“ မပြောမိလည်းပြီးတာပါပဲကွယ်၊သွားတော့ ဟိုမှာ မင်းသူငယ်ချင်းနိုးလာပြီ ”

နယ်စားမင်းက ဂျွန့် အနောက်ဘက်ကို မေးငေါ့ပြကာ ပြောလိုက်သည်။ဂျွန် အနောက်ကိုလှည့်ကြည့်လိုက်တော့ အသက်တမျှလေးက မျက်လုံးကို ပွတ်ကာသပ်ကာဖြင့် အိပ်ရေးမ၀သေးသည့်ပုံ။တကယ်ဆို အိပ်ရေးက၀သင့်နေပါပြီ။အအိပ်မက်သူလေးကိုက ဘယ်လောက်အိပ်အိပ် အိပ်လို့၀တယ်ကိုမရှိဖြစ်နေတာ။

“ ဂျွန်က ဘာလို့ ဒီကိုရောက်နေတာလဲ ”

“ အာ ဟိုဟာ ဧည့်သည့်တွေပြန်သွားပြီလား လာမေးကြည့်တာပါကွ၊ မနေ့က မင်းပဲ တွေ့ချင်လို့ဆို”

“ ပြန်သွားပြီတဲ့လား ”

“ အင်း ပြန်သွားပြီတဲ့ ”

ပြန်သွားပြီဆိုတော့ ကင်မ်က အလိုမကျဟန် စိတ်ပျက်ငြီးငြူလိုက်သည်။ဂျွန့်မှာတော့ ကင်မ်နဲ့သေချာမဆုံလိုက်ရတာကိုပဲ ကြိတ်မှိတ်၀မ်းသာနေရသည့်အဖြစ်။

“ ဘာလို့ မင်းက သူတို့ကို တွေ့ချင်ရတာလဲ”

“ အဖေကလည်း သူတို့က နန်းမြို့တော်ကလူတွေမဟုတ်လား၊သားလည်း မိတ်ဖွဲ့ချင်လို့ပေါ့ ”

“ အံ့ဩပါ့...တစ်နေ့တစ်နေ့ အလေပဲလိုက်နေတဲ့လူက နန်းတော်က အရာရှိတွေနဲ့သိကျွမ်းပြီး ဘာလုပ်မလို့လဲ၊ နယ်စားမင်းရဲ့သားက အသုံးမကျကြောင်း ‌ပြမလို့လား ”

EMPRESS KIM's JEONWhere stories live. Discover now