Part 21

533 71 17
                                    

ဂိုလျောပြည်ရဲ့ သက်တမ်းတလျှောက်၌ စတုတ္ထအကြိမ်မြောက် ပြည်တွင်းစစ်သည် မင်မျိုးဆက်မှာ ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။အိုမျိုးရိုးဦးဆောင်သော ပုန်ကန်သူများကတဖက် ၊ ဘုရင်မင်းမြတ်နှင့်စစ်သည်အပေါင်းအပါများကတဖက်ဖြင့် စစ်ဖြစ်နေကြသည်မှာ တပတ်ခန့်ကြာပြီဖြစ်သည်။

သို့သော် အခြေအနေက ဘယ်ဖက်ကမှ သာသာစီးစီး အနိုင်ရရှိခြင်းမရှိသေးချေ။နန်း‌တွင်းစစ်သည်များထဲမှာလည်း တချို့တဝက်စစ်သည်များက ပုန်ကန်သူအဖွဲ့ထဲသို့ ဝင်ပြီး တိုင်းပြည်ကို သစ္စာဖောက်သွားကြပြီဖြစ်ရာ ဘုရင်မင်းမြတ်မှာ အိုမျိုရိုးကို အရှင်းအပြတ် မသုတ်သင်နိုင်သေး။

" အရှင်မင်းကြီး...စစ်သူကြီးဂျွန်က တွေ့ခွင့်တောင်းနေကြောင်းပါ "

" ဝင်လာခိုင်းလိုက် "

ဘုရင့်အမိန့်အတိုင်း အထိန်းတော်ဂျွန်းက စစ်သူကြီးဂျွန်အား ယာယီစခန်းချထားသော ဘုရင့်တဲဆောင်ထဲသို့ ဝင်လာခိုင်းလိုက်သည်။

" အနောက်ဘက် မြို့ရိုးဘက်မှာ ကျွန်တော်မျိုးတို့ဘက်က အရေးနိမ့်နေပါပြီ အရှင်၊ ကျွန်တော်မျိုးကို အဲ့ဒီနေရာအား ကြီးကြပ်ခွင့်ပြုပါ "

စစ်သူကြီးဂျွန်ရဲ့ လျှောက်တင်သံကြောင့် ဘုရင်မင်းမြတ်က ပင့်သက်အနည်းငယ်ရှိုက်မိလိုက်သည်။အနောက်ဘက်မြို့ရိုးတွင် ရန်သူဘက်မှ အိမ်ရှေ့စံကဦးစီးပြီး တိုက်ခိုက်နေခြင်းဖြစ်၏။ဘုရင်မင်းမြတ်တို့ ဟာကွက်မိသွားသည်မှာ အိမ်ရှေ့စံအိုဆန်းဝူကို လျှော့တွက်ခဲ့မိခြင်းပင်ဖြစ်သည်။

အနှီအိမ်ရှေ့စံမင်းသားသည် အပျော်အပါးမက်၍ သေရည်နဲ့သာ ပလူးနေခြင်းမှာ အိုအမတ်ကြီး ဂွင်ဆင်ထားသော ထောင်ချောက်တစ်ခုသာဖြစ်သည်။အိုဆန်းဝူသည် ကောက်ကျစ်စဉ်းလဲတတ်သည့်အားလျော်စွာ အတိုက်အခိုက်ပညာကိုလည်း တဖက်ကမ်းခတ်တတ်မြောက်သည်။အမြဲတမ်းမူးရူးနေသော အိုဆန်းဝူကို ဘုရင်မင်းမြတ်တို့က အရည်အချင်းမရှိပဲ ပေါ့သေးသေးဟုထင်ခဲ့မိခြင်းက သူတို့အားနည်းချက်တစ်ခုဖြစ်သွား၏။

အိမ်ရှေ့စံရှိနေသောကြောင့် အိုမျိုးရိုးစုက ထိုနေရာမှာ ပုန်ကန်သူတွေအင်အားကို တခြား‌နေရာများထက် အမြောက်အများပို၍ ဖြည့်တင်းထားသည်။ထို့ကြောင့်လည်း ဘုရင့်စစ်သည်တွေဘက်က အနောက်မြို့ရိုးမှာ အရေးနိမ့်နေရခြင်းဖြစ်၏။အခုတော့ စစ်သူကြီးဂျွန်က ထိုနေရာသို့ သူကိုယ်တိုင်သွားပြီးဦးစီးချင်သည်တဲ့လေ...။

EMPRESS KIM's JEONWhere stories live. Discover now