Part 6

331 68 9
                                    

ပထမဆုံးအကြိမ် သူစိမ်းယောကျာ်းလေးနှင့်အတူ ဝေါယာဉ်တစင်းထဲအတူတူထိုင်ပြီး စီးရခြင်းဖြစ်သည့်အတွက် တော်တော်လေးကိုမှ နေရခက်မိသည်။ထို့အပြင် တိုင်းပြည်ရဲ့ထွဋ်ခေါင်ရတနာဖြစ်သော အရှင်ဘုရင်ဖြစ်သည့်အတွက် နေရခက်တာရော၊ရှိန်တာရောကြောင့် အသက်ရှူမ၀တောင်ဖြစ်လာသည်။

သူကလည်း ဘာစကားမှမဆို၊ကိုယ်ကလည်း ဘာစကားမှမဆိုမိသဖြင့် လေထုသည် အေးစက်သည်ထက်ပို၍ အေးစက်လွန်းနေသည်။ဒီလိုမျိုးတိတ်တိတ်ဆိတ်ဆိတ် အခြေအနေဟာ ကင်မ်နဲ့ လုံး၀ကိုမှ အပ်စပ်လို့မရနိုင်သည့်အတွက် သူကိုယ်တိုင်ပင် စကားစဖို့ပြင်လိုက်သည်။ရှင်ဘုရင်မင်းမြတ်ရှေ့မှာ စကားမှားမိရင် ခေါင်းအပြတ်ပဲဆိုတဲ့ဥပဒေကိုနားလည်ပေမယ့် အခု သူက ဘုရင့်ကြင်ယာတော်ဖြစ်နေသည်မဟုတ်ပါလား။စကားလေးမှားခဲ့မိရင်လည်း ဒီလောက်ကြီးတဲ့ အပြစ်ဒဏ်ကိုပေးမှာမဟုတ်။

“ အရှင်မင်းကြီး...”

ဘုရင်က စကားမပြန်လာဘဲ မေးဆတ်၍သာ ဘာလဲဟူသော သဘောဖြင့်ကြည့်သည်။ကင်မ့်စိတ်ထဲ နည်းနည်းတော့အလိုမကျဖြစ်သွားမိသည်။ဂျွန်သာဆိုရင် သူခေါ်တိုင်း ဒီလိုမျိုးလက်လွတ်စပယ်ပြန်မထူးတတ်။ရှင်ဘုရင်ဟူသော အသိကြောင့် ရှိရင်းစွဲဓာတ်ခံဖြစ်‌သည့် စွာတေးလန်ခြင်းကို ရင်ထဲမှာသာ မျိုသိပ်လိုက်သည်။

“ ကျွန်တော်မျိုးကို ဘာလို့ ကြင်ယာတော် ခန့်အပ်လိုက်တာလဲ ”

ဘာမေးလို့မေးရမှန်းမသိဝေခွဲရခက်နေတုန်း စိတ်ထဲမှာပြင်းပြင်းပြပြသိချင်နေတာလေးက နှုတ်ခမ်းထက်မှ အလျင်အမြန်ခုန်ပေါက်ထွက်သွားသည်။မေးခွန်းများမှားသွားပြီလားဟု ကိုယ့်ကိုကိုယ် စိတ်ထဲမှာအပြစ်တွေတင်နေတုန်းမှာ ဘုရင့်ဆီမှ စကားတစ်ခွန်းထွက်လာ၏။

“ လိုချင်လို့ ”

ဘုရင်မင်းမြတ်၏အဖြေကြောင့် ကင်မ့်စိတ်ထဲမှာ ဒေါသစိတ်က ထောင်းခနဲ။ချစ်မြတ်နိုးလို့ပါဆိုပြီးမပြောနိုင်ရင်တောင် အနည်းဆုံးတော့ လှလို့၊သဘောကျလို့ဆိုပြီး ပြောသင့်သည်မဟုတ်ပါလား။အခုဟာက ကင်မ်ကပဲ အသုံးအဆောင်ပစ္စည်းတစ်ခုခုလို။လူကို အလွယ်လေးထင်ခြင်းတွေ၊အထင်သေးခြင်းတွေ၊ပေါ့ပျက်ပျက်သဘောထားခြင်းတွေ၊အရေးမပါသလိုဆက်ဆံခြင်းတွေလောက် ပက်ပက်စက်စက် မုန်းတာမရှိ။စိတ်မကြည်စရာတွေကြုံခဲ့တိုင်းမှာ ဂျွန်‌နားချထားသည့်တရားတွေကို စိတ်ထဲပြန်တွေးကြည့်ပြီး စိတ်ကို မနည်းပြန်ဖြေလိုက်ရသည်။စိတ်ရှိတိုင်းသာဆိုရင်တော့ ဒီဘုရင် ကြင်ယာတော်ဆီကနေ လုပ်ကြံခံရမှာ မြင်ယောင်နေပြီ။

EMPRESS KIM's JEONWhere stories live. Discover now