Part 10

342 53 10
                                    

ငြိမ့်ညောင်းသာယာလှသော စောင်းသံနှင့်အညီ စည်းချက်ကျကျ ယိမ်းနွဲ့စွာကနေသော မိန်းမပျိုလေးများက ဆင်တူ၀တ်စုံများဖြင့် ရင်သပ်ရှူမောဖွယ်စရာ ကကြိုးများကို ဟန်ချက်ညီညီ လှုပ်ရှားနေကြသည်။ထိုသဘင်သည်လေးများနှင့်အပြိုင် သူတို့၏ ခပ်လှမ်းလှမ်းရှိ မြေကွက်လပ်တွင် စစ်သည်တော်များကလည်း ဓားရေးအလှပြနေကြသည်။

နန်းတော်အလယ်တွင်တော့ အမတ်မင်းများ၊နယ်စားမင်းများ၊အရာရှိများနှင့် အိမ်နီးချင်းနိုင်ငံများမှ ဘုရင်များသည် သူ့နေရာနှင့်သူ အစီအရီ စုဝေးလျက်ရှိသည်။တချက်တချက်အရှိန်မြင့်သွားသော ဗုံတီးသံနှင့်အပြိုင် ဧည့်ပရိတ်သတ်များလည်း  အနည်းနှင့်အများ စိတ်လှုပ်ရှားနေကြသည်။

“ အရှင်မင်းကြီး ကြွချီလာပါပြီ ”

ပုဏ္ဏားကြီး၏ ဆော်ဩသံကြောင့် အနည်းငယ်လှုပ်ရွစကားများနေသော ဧည့်ပရိတ်သတ် အ‌ပေါင်းမှာ မီးကိုရေဖြန်းလိုက်သကဲ့သို့ ချက်ချင်းပင် ရှဲခနဲ ငြိမ်သက်သွားကြသည်။ထိုအချိန်မှာ အထိန်းတော်အပေါင်းခြံရံလျက် ဘုရင်မင်းမြတ်သည် အနက်ရောင်ပိုးသားပေါ် ရွှေချည်မျှင်ထိုးထားသော မင်္ဂလာ၀တ်စုံဖြင့် များစွာကြည့်ကောင်းလွန်းနေသည်။အမြဲတစေ ခပ်တည်တည်နေခဲ့သော ရှင်ဘုရင်မင်သည် ဒီနေ့မှာတော့ အနည်းငယ်ပြုံးနေသယောင်။

ဘုရင်မင်းမြတ်သည် ထိမ်းမြားလက်ထပ်ပေးမည့် ဘုန်းတော်ကြီးရှေ့က သတို့သားနေရာ၌ မတ်တပ်ရပ်ပြီးနောက် သူ့ကြင်ဖက်ကို လက်မတချောင်းအရွယ်အစားရှိ ဖယောင်းတိုင် မီးငြိမ်းသည်အထိ စောင့်ရသည်။ဒီဓလေ့သည်ကား အိမ်ထောင်ဦးစီးက သူ့ကြင်ယာဖက်ကို ဘယ်လိုပူပင်သောကမျိုးရှိရှိ မစွန့်ပစ်သွားပဲ အရာအားလုံးအေးချမ်းပြေလည်သည်အထိ စောင့်ဆိုင်းကာ အတူတကွရှိနေပေးမည်ဟူသော အယူနဲ့ ဒီဓလေ့ထုံးတမ်းကို ပြုလုပ်ကြခြင်းဖြစ်၏။

ဖယောင်းတိုင်တစ်ချောင်းလုံး လောင်ကျွမ်းပျော်ကျသွားပြီးတာနဲ့ ပုဏ္ဏားကြီးက ထပ်မံဆော်ဩလာလေတော့သည်။

“ ကြင်ယာတော် ကြွချီလာပါပြီ ”

ကြင်ယာတော်လာပြီဆိုတာနဲ့ ပွဲ၀န်းထဲရှိလူအားလုံးရဲ့ အာရုံက ကတ္တီပါနီနီလျှောက်လမ်းပေါ်မှာသာ ရှိနေကြသည်။ဆာကူရာပန်းတွေ အပြည့်ကြဲထားသော အနီရောင်ကတ္တီပါကော်ဇော်ပေါ်မှာ တည်ငြိမ်စွာလျှောက်လှမ်းလာသော အမျိုးသားသည်ကား အဘယ်နည်းနဲ့မှ ယောက်ျားတစ်ယောက်ဟု ထင်ရက်စရာမရှိ။

EMPRESS KIM's JEONTahanan ng mga kuwento. Tumuklas ngayon