Part 7

352 60 25
                                    

မနေ့က နန်းတွင်းထဲရောက်လာတည်းက ခရီးပန်းပြီး အိပ်ပျော်သွားလိုက်တာ နောက်နေ့မနက်မိုးလင်းရောက်မှနိုးလေတော့သည်။အိပ်ယာနိုးတာနဲ့ အကြောဆန့်ကာ မျက်လုံးကို မြင်ကွင်းရှင်းလာသည်အထိ သေချာပွတ်သပ်ပြီး အခန်းရှေ့ဆီသို့အရောက်...

“ အမေ့ !!! ”

အိပ်ခန်းတံခါးပေါက်အနားမှာ တောင့်တောင့်ကြီးမတ်တပ်၍ ကင့်အား ပြုံးပြုံးကြီးစိုက်ကြည့်နေသော အထိန်းတော်ကြီးကြောင့် ရှိရှိသမျှဘုရားအပေါင်းအား တ,မိလိုက်သည်။

“ ဘာများလိုအပ်တာရှိလို့ပါလဲ အရှင့်သား ”

“ မင်း မင်း ဘာလို့ ဒီထဲထိ၀င်လာတာလဲ ”

“ အရှင်မင်းကြီးက အခေါ်တော်ရှိလိုက်လို့ပါ...မနက်စာသုံးဆောင်ချိန်ရောက်ပါပြီ အရှင့်သား၊အရှင့်သားကို နှိုးဖို့လုပ်ပေမယ့် နိုးလာတာကြောင့် မနှိုးဖြစ်တော့တာပါ ”

“..... ”

“ အပြင်ကလူတွေ ၀င်လာခဲ့မယ် ”

အထိန်းတော်ဟိုက ကင့်အား အကျိုးအကြောင်းရှင်းပြပြီးနောက် တံခါးဘက်သို့ လှည့်၍ အသံကျယ်ကျယ်လေးအော်ပြောလိုက်၏။ထို့နောက် ရေသုတ်ပုဝါထည့်ထားသောဗန်းရယ်၊ရေခွက်ရယ်ကို သယ်ဆောင်လာသော အစေခံမလေးနှစ်ယောက်က အခန်းထဲသို့၀င်လာသည်။

“ မျက်နှာသစ်တာကတော့ ကိုယ့်ဘာသာသစ်လို့ရပါတယ် ”

“ နန်းတွင်းစည်းမျဉ်းပါ အရှင့်သား ”

ကင်မ်လည်း အထွေအထူးဆက်မပြောနေတော့ဘဲ  သူတို့လုပ်သမျှပဲ ငြိမ်ခံနေလိုက်တော့သည်။မသစ်ရတော့လည်း အေးဆေးပေါ့။ကိုယ်တောင် ပင်ပန်းသက်သာသေးတယ်။

“ ဒီနေ့ ၀တ်ဆင်ရမှာတော့ ဒီ၀တ်ရုံပါ ”

အထိန်းတော်ဟိုက ၀တ်ရုံအား ကင်မ့်လက်ထဲကို ရိုရိုသေသေလက်ဆင့်ကမ်းပေးလာသည်။၀တ်ရုံကို ကင်မ် ဖြန့်ကြည့်လိုက်တော့ အတော်လေးပင် မှင်သက်မိသွားသည်။

“ အရှင်မင်းကြီးကိုယ်တိုင်ပို့လိုက်တာပါ၊ရင်ဘတ်နားမှာ ထိုးထားတဲ့ ဇာမဏီငှက်ရုပ်က ငှက်အားလုံးရဲ့အရှင်သခင်ဖြစ်ပြီးတော့ လွှမ်းမိုးမှု၊ရဲရင့်မှု၊အာဏာကြီးမားမှုဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။အနားသတ်ကွပ်ထားတဲ့ ဆာကူရာပန်းပွင့်‌‌တွေကတော့ နူးညံ့လှပသိမ်မွေ့ခြင်းကို ကိုယ်စားပြုပါတယ် ”

EMPRESS KIM's JEONWhere stories live. Discover now