ညဉ့်နက်ချိန်မှ ပို၍စိမ့်တက်လာတဲ့ ဆောင်းလေက အအေးမကြိုက်သူ ကင်မ့်အဖို့တော့ အတော်လေးစိတ်ညစ်စရာပင်။ခိုးကြောင်ခိုးဝှက်ထွက်လာရသဖြင့် စိတ်လှုပ်ရှားခြင်းကြောင့် ရင်တုန်နေတာက တမျိုး၊အအေးဒဏ်ကတဖုံဖြင့် ကိုယ်ရောစိတ်ပါအဆင်မပြေနေပါ။တော်သေးသည်က ဂျွန်က အနားမှာရှိနေပေးလို့။
နန်းတော်ရဲ့မြောက်ဘက်မုခ်တံခါး၀ဆီသို့ မှောင်ရိပ်ထဲကနေ ဖြတ်လာခဲ့ကြပြီး မိုးမခပင်ကြီးဆီကို ရောက်လာတော့မှပင် ကင်မ်လည်း သက်ပြင်းချနိုင်တော့သည်။ကင်မ်က ဆုံးဖြတ်ချက်ချပြီးရင် ပြန်ပြင်ရိုးထုံးစံမရှိတော့တဲ့အကျင့်ကြောင့် လာရင်းကိစ္စကို တွေဝေနေခြင်းမရှိပဲ ဆောင်ရွက်လိုက်ဖို့သာ တွေးထားလိုက်သည်။
ဂျွန်ကတော့ ဘာတွေကို စိုးရိမ်ပူပန်ကြောင့်ကြနေလည်းမသိ။မျက်နှာမှာ အဆင်မပြေနေခြင်းတွေက အထင်းသား။သို့သော်လည်း ကင်မ့်ကို တချက်လေးမှမကန့်ကွက်ခဲ့။ကင််မ်ကိုယ်တိုင်က လိုလိုလားလားဖြစ်နေမှန်း ရိပ်မိဟန်တူသည်။တကယ်တော့ ကင်မ်လည်း အကယ်၍များ ဒါက တကယ်အလုပ်မဖြစ်ရင်တောင် ဘာအကျိုးဆက်မှရှိလာနိုင်မှာမဟုတ်လို့ ဒီလိုမျိုး တဇွတ်ထိုးမိခြင်းပင်ဖြစ်သည်။
“ ဂျွန်...မင်းယူလာတဲ့ ဆိတ်ကို ဒီရှေ့ချလိုက် ”
ကင်မ်ပြောလိုက်တော့ ဂျွန်က ပခုံးပေါ်မှာ ထမ်းတင်လာတဲ့ ဆိတ်အသေကို ကင်မ်ပြောသလို မိုးမခပင်ကြီးရဲ့အမြစ်ပေါ်ကိုချလိုက်သည်။ထို့နောက် သူတို့နှစ်ယောက် မိုးမခင်ပင်ကြီးနားမှာ ထိုင်ပြီး သန်းခေါင်ရောက်ချိန်ကို စောင့်နေကြ၏။
“ လပြည့်နေ့မို့လို့လားမသိဘူး ကြယ်တွေ သိပ်မရှိသလိုပဲနော် ဂျွန် ”
“ မရှိတာမဟုတ်ဘူး၊ မင်း မတွေ့ရတာပါ ”
“ အတူတူပဲဟာကိုကွာ ”
“ မတူဘူးလေကွာ၊ ကြယ်တွေက သူ့နေရာမှာပဲ သူအမြဲတမ်းရှိနေတာ။ လမင်းကြီးသာနေတဲ့အချိန်တွေဆိုရင် ကြယ်တွေရဲ့အလင်းက မှေးမှိန်သွားလို့ မတွေ့ရတော့တာ။ လမိုက်ညတွေမှာမှ ကြယ်တွေကိုပိုမြင်ရတာ ။ လသာတဲ့အချိန်ဆို သူတို့ရဲ့အလင်းကို အပြည့်အ၀မမြင်ကြရတော့ လူတွေက ကြယ်တွေမရှိဘူးထင်တာ ”
STAI LEGGENDO
EMPRESS KIM's JEON
Fanfictionဧကရီဆိုတဲ့ဂုဏ်ပုဒ်ကိုလိုချင်တာမဟုတ်ဘူး။ ငါလိုချင်တာ ဂျွန့်ကို.....📜