အခန်း - ( ၅ )【 U 】

446 68 0
                                    

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၅ ) : ဇာတ်ညွှန်းကိုင်ဆောင်ထားသူအနေနဲ့အကြပ်အတည်းရှောင်လွှဲခြင်းစွမ်းရည်ကိုသေချာပေါက်ပိုင်ဆိုင်ထားရမယ်။ 》

___________________________________

လီယွင်သည်အံ့အားသင့်သွားရလျက်။ ဒီကလေးဘယ်တုန်းကဒီလောက်အရိပ်အကဲသိသွားတာလဲ။

တစ်ချက်ကြည့်ရုံဖြင့်ပင်သိသွားသည်အထိ ၊ ထိုသူပြလာသည့်မှတ်ချက်မှာစင်စစ်သူမဆိုလိုချင်သည့်အရာပင်တည်း။

【 @winordie 】 :[ အဲ့ဒါက SC ဆိုတာကိုငါဒီမှာပဲကြေညာလိုက်တော့မယ် ၊ မကြာခင်မှာပဲတရားဝင်ကြေညာချက်ကလည်းထွက်လာမှာ။ တကယ်လို့သူသာမဟုတ်ဘူးဆိုရင်ငါလိုက်ဗ်လွှင့်ပြီးချီးစားပြမယ်။ ]
[ SC : စွင်းချန်။ ]

ထိုမှတ်ချက်မှာအကျော်ကြားဆုံးဖြစ်နေပြီး Reply ပြန်ရေးထားသူ၇၀၀ကျော်နီးပါးပင်ရှိ၏။ ထိုပြန်ရေးထားသူများထဲတွင် ငါ့အိမ်ကချန်ချန်ကိုပြန်ခေါ်သွားပြီ ဟုရေးသားထားသည့်ပရိတ်သတ်များရှိပြီး ၊ သက်သေတောင်းလာကြသူများလည်းရှိကာမည်သည်ကအမှန်မှန်းမသိစွာဖရဲသီးလာစာကြသူများလည်းရှိသည်။

လီယွင်သည်မဖုံးကွယ်ထားတော့ဘဲ -

" တကယ်တော့အပေါ်ယံကြည့်ရင်ဒီဈေးကွက်အကောင့်တွေကချန်အန်းဖျင်ရဲ့ရုပ်ရှင်အသစ်ကိုကြော်ငြာနေကြသလိုသာထင်ရပေမဲ့ ၊ တကယ်တမ်းမှတ်ချက်ထဲမှာနေရာယူနေတာတွေအများကြီးရှိတယ်။ စွင်းချန်ရဲ့အဖွဲ့ဘက်က water army တွေဝယ်ပြီးဒီရုပ်ရှင်နဲ့ပတ်သက်ပြီးကျော်ကြားမှုရအောင်ဖန်တီးချင်နေတာသိသာတယ် ၊ အဲ့ဒါနဲ့ငါလည်းမနေ့ကသူ့လူရွေးပွဲအကြောင်းစုံစမ်းခဲ့သေးတယ်။ ဒါပေမဲ့နန်ခယ့်အဖွဲ့သားတွေကသူတွေကအရမ်းတင်းကြပ်လွန်းပြီး ၊ ဘယ်သတင်းမှမထုတ်ဖော်ပြလာကြဘူး။ "

ရွှီချီချန်သည်စွင်းချန်၏ပင့်သက်ရှိုက်နေဟန်နှင့်ထိုသူ၏ချိုမြိန်လှသောပါးချိုင့်နှစ်ခုပြန်မြင်မိလေရာ : " သူတို့အဖွဲ့ဘက်ကအဲ့နေရာကိုသူတို့ရဖို့ဖြစ်နိုင်လောက်တယ်*လို့ခံစားရလို့ Weibo မှာစကြော်ငြာတာဖြစ်နိုင်လောက်မလား ?"
[ * : ဒီနေရာမှာ idiom ကိုသုံးထားတာပါ။ ဖြစ်လုနီးနီး ၊ မှန်လုနီးနီး ၊ လက်ခံလို့ရတဲ့အခြေအနေ စတဲ့အဓိပ္ပါယ်ကိုရည်ညွှန်းပါတယ်။ ]

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now