အခန်း - ( ၁၇ )【 U 】

288 47 0
                                    

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၁၇ ) : - ညသန်းခေါင်ကြီး ၊ မအိပ်သေးဘဲဘာလုပ်ဖို့လဲ ?- ချိန်းတွေ့ဖို့လေငတုံးလေး။ 》

___________________________________

လင်းရန်ကတိတ်ဆိတ်သွားသည်ကိုမြင်ရာရွှီချီချန်သည်အလေးတနက်ထားရှင်းပြလိုက်၏ : " ခင်ဗျားမှာကျားသွားစွယ်တစ်ခုရှိတာ ၊ အရမ်းထက်တယ်။ "

" အဲ့ဒီတုန်းကဗိုက်နာနေတော့လျှာကအကိုက်ခံထားရမှန်းမခံစားမှန်းမိဘူး ၊ ပြန်ရောက်တော့လည်းအစပ်စာတွေအများကြီးထပ်စားမိပြန်ရော။ ပြီးတော့အဲ့ဒါယောင်လာပြီးတော့အနာဖြစ်သွားတာပဲ။ "

ရွှီချီချန်မှာနှုတ်ခမ်းကိုကိုက်လိုက်ပြီး -

" နာနေတာနှစ်ရက်လောက်ရှိပြီ .... "

လင်းရန်သည်ကားသက်ပြင်းတစ်ချက်ချကာထရပ်၍လှည့်ထွက်သွားတော့သည်။

အမ် ?ဒီလိုပဲထွက်သွားပြီလား ?

ရွှီချီချန်မှာစိတ်ထဲမှနေညည်းညူအပြစ်တင်မိရလျက် : " 0901 ၊ သူ့မှာသိတတ်စိတ်လုံးဝကိုမရှိတာပဲ။ "

0901 ၏လေသံမှာကားအနည်းငယ်ကြေကွဲဝမ်းနည်းနေဟန် : " သင်ကကျွန်တော့်ရဲ့လူကြီးမင်းရွှီမဟုတ်တော့ဘူးပဲ ၊ သင်အခုဆိုအလိုလိုက်ခံရတဲ့ကလေးလိုတောင်ဆိုးတတ်နေပြီ။ "

ရွှီချီချန် : " ငါမဟုတ်ပါဘူး ၊ ငါမလုပ်ပါဘူး ၊ လျှောက်မပြောနဲ့။ "

ရွှီချီချန်သည်တစ်ဦးတည်းပြန်​ဖြစ်သွားလေရာ ၊ လင်းရန်မှသူ့အားပေးသွားသည့်ကြမ်းပြင်ထက်ရှိသကြားလုံးအိတ်တို့ကိုကောက်ယူလိုက်ကာပရိတ်သတ်တို့ပေးသောစာများအပြည့်ဖြင့်လက်ဆောင်အိတ်များထံထည့်လိုက်၏။
ထို့နောက်ဘောပင်နှင့်ဇာတ်ညွှန်းတို့ထုတ်လိုက်ပြီးခုံငယ်ပေါ်တွင်ထိုင်ကာ ၊ ဇာတ်ညွှန်းစာသားတို့ကိုတိတ်တဆိတ်ကျက်မှတ်သားနေခဲ့သည်။

Nice ကဇာတ်ဝင်ခန်းများမှာပြီးဆုံးတော့မည်ဖြစ်ရာနှစ်ရက်အတွင်းမှာပင်တရုတ်သို့ပြန်ကာဇာတ်ဆောင်နှစ်ဦးပြန်လည်ဆုံတွေ့ခန်းတို့ကိုရိုက်ကူးချိန်တန်လာတော့မည်ဖြစ်ပြီး ၊ အဆိုပါကာလအပိုင်းအခြားနှစ်ခု၏ဇာတ်ဝင်ခန်းများမှာလည်းပုံစံသဏ္ဍာန်နှင့်စိတ်ခံစားချက်တို့မှာအလွန်ကွာခြားလွန်းကြလျက်။
ရွှီချီချန်သည်လည်းအချိန်ရှိခိုက်တိုင်းတွင်ဇာတ်ညွှန်းကျက်မှတ်ခြင်း ၊ ဇာတ်ကောင်၏စိတ်ပိုင်းဆိုင်ရာနားလည်စေခြင်းတို့ဖြင့်သာအလုပ်များနေခဲ့၏။

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now