အခန်း - ( ၉ )【 U 】

352 47 0
                                    

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၉ ) : ဒါကြောင့်ကျွန်တော့်ကို pick လိုက်တာလား ?》

___________________________________

ပဟေဠိဆန်နေချက်ပဲ။

ရွှီချီချန်သည် Wechat မျက်နှာပြင်ထက်မှထွက်လိုက်ကာ 0901 ထံမေးလိုက်၏ : " လင်းရန်နဲ့ဆက်သွယ်ပြောဆိုနိုင်မှုရှိရင် ၊ အမှတ်တွေလည်းနည်းနည်းတိုးလာမှာလား ?"

0901 : " မှန်ပါသည် ၊ လူကြီးမင်းရွှီ။ "

ရွှီချီချန် : " အမှတ်အရေအတွက်ကကျပန်းပေးတာလား ?"

0901 : " မဟုတ်ပါဘူး ၊ အမှတ်အရေအတွက်ကသင်နှင့်လင်းရန်တို့ကြားကပြောဆိုဆက်သွယ်သည့်ရင်းနှီးမှုအပေါ်မူတည်နေတာပါ။ "

ရွှီချန် : ဘာလို့ကိုယ့်ကိုကိုယ်ရောင်းစားနေသလိုခံစားလိုက်ရတာလဲ .....

0901 : " မရှိမဖြစ်လိုအပ်ချက်ကတော့လင်းရန်ရဲ့လက်ခံလိုစိတ်ပါ။ သေချာတာပေါ့ ၊ သူ့ဘက်ကသာခြေလှမ်းစတင်ခဲ့မယ်ဆိုရင်အမှတ်တိုးဖို့
ဖြစ်နိုင်ချေကလည်းပိုများလာမှာပါ။ "

ရွှီချီချန် : " အရမ်းခက်တာပဲ။ "

0901 : " ဒီတစ်ခါသူ့ဘက်ကစခြေလှမ်းခဲ့တာပဲမဟုတ်ဘူးလား ?"

ရွှီချီချန် : " ဒီအတိုင်းမတော်တဆတိုက်ဆိုင်သွားရုံလေးပါ။ "

ကုမ္ပဏီသို့ပြန်သွားပြီးနောက်တွင်ရွှီချီချန်၏အိုင်ဒေါလ်အဖွဲ့ဝင်ဘဝမှာပြန်အသက်ဝင်လာခဲ့ကာ ၊ ကခုန်သီဆို Tour ပွဲဖျော်ဖြေခြင်းများဖြင့်အလုပ်ရှုပ်နေခဲ့ရာ Weibo ဝင်ကြည့်ချိန်ပင်မရှိပါဘဲအားလပ်ချိန်အားလုံးအားအိပ်စက်ခြင်းတွင်အသုံးချလိုက်ရသည်။
မည်သည့်သတင်းထူးမျှမရှိရာရွှီချီချန်မှာလည်းရုပ်ရှင်အကြောင်းကိုဖြည်းဖြည်းချင်းမေ့လျော့သွားပြီး ၊ များစွာစဉ်းစားဆင်ခြင်ချိန်ဆခဲ့ပြီးနောက်တွင်မျှော်လင့်ချက်ကြီးကြီးမားမားမထားဖြစ်တော့ပေ။

ဖြစ်သည့်အတိုင်းသာရှိပါစေတော့။

ယင်းမှာ Concert ပြီးမြောက်ပြီးနောက်ရက်၌လီယွင်သည်လေ့ကျင့်ရေးအခန်းတွင်းတွင်ပေါ်လာကာ ၊ ခြေထောက်မြှောက်လျက်အိပ်ပျော်နေသူရွှီချီချန်အားအလျင်ပင်ဆွဲခေါ်ထုတ်ကာထွက်သွားလေ၏။

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now