အခန်း - ( ၈ )【 U 】

355 57 0
                                    

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၈ ) : မင်းအဲ့လောက်တောင်ပဲကိုယ်နဲ့အတူတူသရုပ်ဆောင်ချင်နေတာလားနော်~ 》

_________________________________

" Wechat ?"

ရွှီချီချန်ယင်းကိုသတိရသွားကာ -

" ဪဟုတ်သား ၊ Wechat ကျွန်တော်အခုလေးတင်ပဲမေ့သွားမိတာ.... "

ဘေးရှိလူမှာရယ်လာခဲ့ပြီးအခြားဘက်သို့တိုးသွားချေ၏။

" မင်းလက်မခံတာအကောင့်တုလို့ထင်လို့်မဟုတ်ဘူးလား။ "

ရွှီချီချန်သည်ဖုန်းမျက်နှာပြင်ကိုကြည့်နေမိလျက် : " မဟုတ်ပါဘူး ၊ ကျွန်တော်တကယ်မေ့သွားလို့ပါ။ ခုနကလေးတင်ဖုန်းဝင်လာတာ​ကိုင်လိုက်ရလို့တာ။ "

လင်းရန်သည်ခေါင်းစောင်းလာပြီးရွှီချီချန်၏ဘေးတစောင်းအသွင်လေးကိုကြည့်ကာအသံနှိမ့်လျက်ဆိုလာခဲ့သည် : " စနေရုံပါကွာ ၊ မင်းကအတည်တွေမှတ်နေပါ့ရော။ "

သူငယ်ချင်းတောင်းဆိုမှုကိုလက်ခံလိုက်ပြီးလင်းရန်ထံဖုန်းလှုပ်ခါ၍ပြလိုက်ရာထိုသူမှာခေါင်းညိတ်ကာမည်သည်မျှမဖြစ်ခဲ့သည့်နှယ်ဝိုင်ဆက်သောက်နေချေ၏။

" ရှောင်ကျိ ၊ အစားပဲစားမနေနဲ့လေ။ လာလာ ၊ ကိုယ်တို့နဲ့လည်းနည်းနည်းလာသောက်။ ကိုယ်ကြွားပြောတာတော့မဟုတ်ပေမဲ့ဒီလိုအရက်မျိုးကတော်ရုံနဲ့မသောက်နိုင်ဘူး။ "

ဥက္ကဌရှန့်မှထ၍ဆိုလာသည်ကိုမြင်လျှင်ရွှီချီချန်မှာလည်းအမြန်ထရပ်လိုက်ကာဥက္ကဌရှန့်နှင့်အတူအရက်ထသောက်လိုက်ရသည်။
သူ့ကိုမြင်လိုက်ရသော်ဒါရိုက်တာချန်မှာရုတ်တရက်အမေးရှိလာ၏။

" ရှောင်ကျိ ၊ ဒီနောက်ပိုင်းထဲအလုပ်တွေများနေလား ?"

ဒါရိုက်တာတစ်ဦးထံမှထိုသို့ရုတ်ချည်းအချက်ပြစကားသံကြားလိုက်ရရာရွှီချီချန်မှာသီးမလိုပင်ဖြစ်သွားရပြီး ၊ လီယွင်မှာသူပြန်မဖြေခင်ဝင်ဖြေပေးလာသည်။

" Tour ဖျော်ဖြေပွဲကလွဲပြီးဒီကြားထဲဘာအလုပ်မှမရှိသေးပါဘူး ၊ သေချာပေါက်ကို Tour ပွဲကနေလည်းယာယီတော့မပါဝင်လို့လည်းဖြစ်ပါတယ်။ "

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now