အခန်း - ( ၁၃ )【 U 】

379 51 2
                                    

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၁၃ ) : ကိုယ် ၊ လင်းလောင်ရှစ် ၊ မျှော်မှန်းထားတဲ့အတိုင်းဖြစ်လာတာပဲ။ 》

__________________________________

ရွှီချီချန်သည်မျက်မှောင်ကျုံ့ကာဝင်ကြည့်လိုက်ရာ ၊ ထိုခေါင်းစဉ်နှင့်စပ်လျဉ်း၍အားလုံးမှာပုံအချို့တွဲလျက်မျှဝေထားခြင်းကိုတွေ့လိုက်ရသည်။ တစ်ပုံမှာသီးသန့်ကလပ်ထံမိမိလျှောက်လှမ်းဝင်ရောက်သွားသည့်ပုံဖြစ်ပြီး ၊ ကျန်တစ်ပုံမှာသီးသန့်ကလပ်ထံရှန့်ဟွားဖုန်းမှလည်းဝင်ရောက်သွားပုံဖြစ်၏။

ပုံနှင့်တွဲလျက်မျှဝေထားသည့်စာများတွင်အသားပေးဖော်ပြထားသည်မှာရှန့်ဟွားဖုန်းသည်《နန်ခယ့်》တွင်အကြီးမားဆုံးရင်းနှီးမြုပ်နှံသူဖြစ်ကြောင်းနှင့် ၊ ခေါင်းစဉ်များမှာလည်းကျော်ကြားသည့် Traffic Star ကျိမုန့်ဇယ်နှင့်မြုပ်နှံသူတို့ကလပ်၌ညအချိန်တွေ့ဆုံမှုအကြောင်းကိုတပ်ဆင်ထားကြလျက်။
လူထုအမြင်သည်ထပ်မံကြွတက်လာပြန်ကာ ၊ ဖြတ်လုခြင်းဟူသည့်မုန်တိုင်းဒဏ်မှလွတ်မြောက်လာခါစကျိမုန့်ဇယ်မှာယခုတွင်ငွေကြေးအထောက်အပံ့ရယူနေခြင်းဟူသည့်ဝဲဂယက်ထံထပ်မံကျဆင်းသွားရပြန်သည်။

ရွှီချီချန်သည်ခေါင်းမူးဝေလာရပြီး ၊ သူမည်မျှပင်နည်းမျိုးစုံဖြင့်ရှောင်ရှားနေပါသော်လည်းထပ်မံဇာတ်လမ်းအဆင်ခံနေဆဲပါပင်။

【ဖြောင့်မတ်တဲ့လူတွေကခိုးကြောင်ခိုးဝှက်မဆိုတတ်】: jmz ကသိသိသာသာကြီးကိုယောကျ်ားလေးအဖွဲ့ရဲ့ Idol သာသာပဲရှိရက်နဲ့ ၊ ဘာလို့အခြား Traffic Star တွေထက်ကိုအရင်းအမြစ်ပိုသာနေသလဲဆိုတာအခုတော့နားလည်သွားပြီ။

【စွန်လွှတ်သူ*】: jmz ရဲ့အသွင်အပြင်ကိုကြည့်ရုံနဲ့တင်တချို့အရာတွေကိုခန့်မှန်းကြည့်လို့ရပါတယ် ၊ ပါပါရာဇီတွေကလည်းတော်ချက်။ ဒီလောက်ချောင်ကျတဲ့နေရာကတောင်သူ့ကိုလိုက်နိုင်တယ် 666
[ * : The Kite Runner ရုပ်ရှင်/ဝတ္ထုရဲ့တရုတ်နာမည်ကိုရေးထားတာပါ။ ]

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now