အခန်း - ( ၂၄ )( ဒု )

391 45 1
                                    

Unicode

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၂၄ ) : 0901 ၊ လင်းရန်ကငါ့ကိုသဘောကျလား ?》

___________________________________

“ မုန့်ဇယ်ရိုက်ကူးရေးပြီးဆုံးခြင်းအတွက်ဂုဏ်ယူပါတယ်!”

ဒီလိုပဲရိုက်ကူးရေးပြီးသွားပြီလား ?အစစ်အမှန်ဆိုတဲ့ခံစားချက်နည်းနည်းလေးမှမခံစားရဘူး။
လီယွင်သည်အရှေ့တိုးလာကာပန်းစည်းကိုသူ့ထံပေးအပ်လာပြီး -

" အရမ်းပင်ပန်းနေပြီမဟုတ်လား။ "

ရွှီချီချန်သည်သရုပ်ဆောင်စဉ်ကကျဆင်းနေခဲ့သောမျက်ရည်များကိုသုတ်လိုက်ကာ ၊ ပန်းစည်ကိုယူလိုက်ပြီးနောက်ဝန်ထမ်းတစ်ဦးချင်းစီတိုင်းကိုဦးညွှတ်ကျေးဇူးတင်စကားဆိုခဲ့သည်။

" ပင်ပန်းသွားပါပြီ ၊ အားလုံးပဲပင်ပန်းသွားပါပြီ။ ဒီလောက်ရက်တွေအများကြီးထဲမှာဂရုစိုက်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ "

ထို့နောက်ချန်အန်းဖျင်ရှေ့သို့ရောက်သွားချိန်၌ထိုသူကလက်မောင်းတို့ဖွင့်ဟပေးလာရာ ၊ ရွှီချီချန်မှာတဒင်္ဂမျှမှင်သက်သွားရပြီးနောက်ဖက်တွယ်လိုက်ပါတော့၏။

" ကျေးဇူးတင်ပါတယ်ဒါရိုက်တာချန် ၊ လူကြီးမင်းကတကယ်ကိုကျွန်တော့်အပေါ်အများကြီးကူညီပေးခဲ့ပြီးအများကြီးလည်းသင်ကြားပြသပေးခဲ့ပါတယ်။ "

ချန်အန်းဖျင်သည်သူ၏နောက်ကျောကိုပုတ်ပေးလာပြီး -

" ဒီဇာတ်ကောင်ကမင်းနဲ့မလွဲသွားခဲ့တာကသူ့ရဲ့ကံကောင်းမှုပါပဲ။ "

ဝန်ထမ်းအများအပြားထံမှစုဝိုင်းခံနေရခိုက်၌ရွှီချီချန်မှာလင်းရန်အစောကြီးတည်းကထွက်သွားလောက်ပြီဟုထင်မှတ်ထားသော်လည်း ၊ မထင်မှတ်ထားစွာအကြင်သူကရှိနေသေးလျက်မီတာအများအပြားအကွာမှသူ့အားရှုကြည့်လို့နေခဲ့သည်။
ရွှီချီချန်သည်ခေတ္တမျှအတွေးများရုန်းကန်နေခဲ့ပြီးမှထိုနေရာထံလျှောက်လှမ်းသွားခဲ့၏။

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now