အခန်း - ( ၁၁ )【 U 】

312 41 1
                                    

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၁၁ ) : ဒီ CP ရဲ့ပရိတ်သတ်ကခင်ဗျားကိုယ်တိုင်ပဲမလား .... 》

___________________________________

နှစ်ဦးကြားကအကွာအဝေးကိုရုတ်ချည်းချုံ့လိုက်မှုကြောင့်ရွှီချီချန်မှာထိုအခြေအနေကိုမည်သို့မျှမပြင်ဆင်ထားဘဲရင်ဆိုင်လိုက်ရရာနေရာတွင်ပင်တောင့်ခဲသွားလျက်။
လင်းရန်ထံမှနွေးထွေးသည့်ဝင်သက်ထွက်သက်တို့မှာနွေအလယ်ပင်လမ်းကမ်းခြေထံတိုက်ခတ်လာပါသောနွေးထွေးသည့်လေပြေလေးများနှယ်သူ၏မျက်နှာထက်နူးညံ့လှစွာဖြတ်တိုက်သွားကြ၏။

ထိုကဲ့သို့မတိုးသာမဆုတ်သာအခြေအနေဖြင့်ဆယ်စက္ကန့်မျှကြာမြင့်ပြီးသွားသည့်နောက်တွင် ၊ လင်းရန်မှာခြေတစ်လှမ်းဆုတ်သွားကာဆိုလာသည်။

" မင်းဆံပင်ညှပ်လိုက်တော့ ၊ ကြည့်ရတာကလေးပုံပေါက်သွားတယ်။ သိသိသာသာကိုမင်းကကိုယ့်ထက်နှစ်နှစ်ငယ်တယ်ဆိုပေမဲ့ပေါ့။ "

ယင်းကိုဆိုပြီးသည်နှင့်ထသွားကာသန့်စင်ခန်းတွင်လက်သွားဆေးတော့၏။
ရွှီချီချန်သည်ခေါင်းငုံ့လိုက်မိရာလက်ထဲတွင်မကုန်သေးသည့်ကြက်ပေါင်ကိုတွေ့လိုက်ရပြီး ၊ ရှက်ရွံ့စွာဖြင့်သာထိုကြက်ပေါင်ကိုဘူးထဲပြန်ထည့်လိုက်ကာတရှူးလှမ်းယူ၍လက်သုတ်လိုက်တော့သည်။

ထို့နောက်စိတ်ထဲမှလည်း 0901 အားသတိတထားဖြင့်မေးခွန်းမေးလိုက်၏ : " အဲ့ဒီလင်းရန်ကတကယ်ရောအဖြောင့်ဟုတ်ရဲ့လား ?"

0901 : " လူကြီးမင်းရွှီ ၊ ထိုသူကလည်းသင်ရေးခဲ့တဲ့ဇာတ်ကောင်ပါပဲ။ "

ရွှီချီချန် : " ..... ဪဟုတ်သား ၊ ငါတောင်မေ့တော့မလို့ပဲ။ ငါ့အထင်သူကတောင်ငါ့ထက်ပို OOC* နေလားလို့။ "
[ * : Out Of Character ]

0901 : " ဒါကသင်မူလဝတ္ထုဇာတ်ကြောင်းအတိုင်းမလိုက်နာခဲ့ခြင်းကြောင့်ဖြစ်ပါလိမ့်မယ်။ "

စိတ်ထဲတွင်သက်ပြင်းဖျော့ဖျော့ချလိုက်ကာ ၊ ရွှီချီချန်မှာသူ့ဘေး၌ပြန်လာထိုင်သည့်လင်းရန်ထံကြည့်လိုက်မိ၏။ အကယ်၍ကျိမုန့်ဇယ်၏ပုံပန်းသွင်ပြင်မှာချောမောသည့်အသွင်နှင့်ကလေးဆန်မှုတို့ရှိသည်ဟုဆိုရလျှင် ၊ လင်းရန်မှာကားရွှိုက်ကောတို့၏သဘာဝပုံစံရှိပြီးရိုးရာအလှတရားနှင့်ကိုက်ညီကာနှာတံရှည်ရှည် ၊ ကျဉ်းမြောင်းရှည်လျားနက်ရှိုင်းသည့်မျက်ဝန်းတို့ဖြင့်အရပ်ရှည်ပိန်ပါးသော three-dimensional မျက်နှာသဏ္ဍာန်ဖြစ်သည်။

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now