အခန်း - ( ၄ )【 U 】

476 61 4
                                    

တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၄ ) : မုန်တိုင်းတို့ကိုဖြစ်ပေါ်စေသည့်အရင်းအမြစ် 》

_______________________________

ဒါရိုက်တာချန်သည်ထိုအကြံပြုချက်အလွန်ပင်သဘောကျနှစ်သက်လှစွာဖြင့် : " ဟုတ်ပြီလေ ၊ သူ့ရဲ့စိတ်ခံစားချက်ကိုမင်းဆောင်ယူကြည့်။ ငါတို့တစ်ချက်ကြည့်ကြည့်တာပေါ့။ "

လင်းရန်သည်ခုံမှထလာပြီးရွှီချီချန်ထံလျှောက်သွားလေသည်။
ထိုသူ၏အရပ်မှာအလွန်ပင်ရှည်လှကာ ၊ ရွှီချီချန်သည်ထိုဇာတ်ကောင်ကိုဖန်တီးခဲ့စဉ်က 187cm ထားခဲ့၏။

ယခုတွင်ထိုဆုံးဖြတ်ချက်ကိုအနည်းငယ်နောင်တရနေမိလျက် ၊ အဆိုပါယောကျ်ား၏ဖိနှိပ်နိုင်စွမ်းမှာအလွန်ပင်ပြင်းလွန်းလှချေသည်။

" မင်းခုနကစကားပြောသရုပ်ဆောင်သွားတဲ့အပိုင်းကိုအတော်ကျွမ်းဝင်မှုရှိပုံပဲ ၊ အဲ့ဒါကိုပဲကိုယ်တို့ဆက်ပြီးသရုပ်ဆောင်ကြရင်ရော ?"

ရွှီချီချန်သည်ခေါင်းညိတ်ပြလိုက်ပြီး : " ရပါတယ်။ "

သူသည်လက်တန်းပြောဆိုနိုင်ခြင်းမရှိသော်ငြားကံကောင်းထောက်မစွာဖြင့်ယခုစကားပြောသရုပ်ဆောင်ရမည့်အပိုင်းသည်သူ၏စိတ်ကူးထက်သရုပ်ဖော်ကြည့်ပြီးဖြစ်ရာယင်းဇာတ်ဝင်ခန်းအတွက်စိတ်ခံစားချက်အခံရှိနေနှင့်ပြီးဖြစ်၏။

လင်းရန်သာနောက်ပိုင်းရှိပေါက်ကွဲရမည့်ဇာတ်ဝင်ခန်းကိုသာရွေးခဲ့လျှင်သူသည်ထိုစိတ်ခံစားချက်သို့ချက်ချင်းပြောင်းလဲဝင်နိုင်မည်မဟုတ်ပေ။
လင်းရန်၏အလုပ်အားကျွမ်းကျင်ပိုင်နိုင်မှုမှာအံ့အားသင့်ဖွယ်ကောင်းမွန်လွန်းလှပြီး ၊ ချက်ချင်းဆိုသလိုပင်သူ၏အမူအရာမှာပြောင်းလဲသွားလေသည်။

မျက်စိတမှိတ်အတွင်းမှာပင်ထိုသူသည်ဇာတ်လမ်းအတွင်းမှနန်ခယ့်အဖြစ်ပြောင်းလဲသွားကာ ၊ တောက်ပသည့်အပြုံးနှင့်ပြင်သစ်ဘာသာစကားတို့ကိုကျွမ်းကျင်ပြေပြစ်စွာဆိုလာချေ၏။

" မင်္ဂလာပါလူကြီးမင်း ၊ အခုမှာထားတဲ့ Iced Mocha အပြင်ဘာများလိုအပ်တာရှိပါသေးသလဲ ?"

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now