အခန်း - ( ၁၂ )【 U 】

299 43 0
                                    

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၁၂ ) : အမှောင်ထုထဲဝယ်နောက်ထပ်တွင်းနက်တစ်ခု။ 》

__________________________________

ရွှီချီချန်သည်အီမိုဂျီစာရင်းထံပြန်ကြည့်မိရာထိုအငိုမျက်လုံး-အပြုံးမျက်နှာအီမိုဂျီမှာအသည်းပုံအီမိုဂျီ၏ဘေးတွင်ကပ်လျက်ရှိနေပြီး ၊ ယင်းမှာပိုင်ယိ၏ပိုစ့်တွင်မကြာသေးမီကမှအသုံးပြုထားခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့်အဆိုပါအီမိုဂျီမှာနောက်ဆုံးအသုံးပြုထားသည့်အီမိုဂျီစာရင်းတွင်ထိပ်ဆုံးတက်နေကာ ၊ မိမိမှာယင်းကိုမှားယွင်းအသုံးပြုလိုက်မိခြင်း.....

ဒါတွေအကုန်လုံးကလီယွင်ရဲ့မမျှော်မှန်းထားတဲ့အချိန်ဖုန်းဆက်လာမှုကြောင့်မှတ်ချက်ကိုပြန်ဖျက်ဖို့အချိန်ကောင်းကိုလွတ်သွားတာပဲ ၊ အခုချိန်မှသွားဖျက်ရင်အဆဲခံရတော့မှာပေါ့ ....

ရွှီချီချန်မှာသူ့မှတ်ချက်အောက်ရှိပြန်စာတို့ကိုမဖတ်ကြည့်ရဲခဲ့ ၊ သူ၏သေးငယ်လှသည့်အနီရောင်အသည်းပုံမှာကောင်းကင်နှင့်မြေကြီးကိုပင်ဖုံးလွှမ်းနိုင်သောပန်းရောင်ပူဖောင်းများအောက်တွင်နစ်မြုပ်နေလောက်ပြီဖြစ်ကြောင်းကိုဝိုးတဝါးခံစားနိုင်ပေ၏။
သို့နှင့်ရွှီချီချန်လည်းမည်သည်မျှမဖြစ်ခဲ့သည့်နှယ်စောင်ထဲပြန်ဝင်ခွေနေလိုက်တော့သည်။

ထိုအခိုက်၌အမှတ်ဆုများရရှိမှုစာတန်းမျက်နှာပြင်သည်မိမိရှေ့တွင်ထပ်ပေါ်လာကာ ၊ ရရှိသည့်အမှတ်အရေအတွက်မှာရှစ်ရာမျှဖြစ်ရာလက်ခံမည်ကိုနှိပ်၍ပျော်ရွှင်စွာအိပ်မောကျသွားတော့၏။
ဒါရိုက်တာချန်သည်အရည်အချင်းကျွမ်းကျင်ပြည့်စုံစေရန်ကိုအလွန်ဂရုထားသူဖြစ်ပြီး ၊ ရိုက်ကူးရေးတွင်အလွန်မညှာတာတတ်သော်ငြားညွှန်ကြားပြသရာ၌လည်းအလွန်စိတ်နှစ်မြုပ်ထားတတ်သည်။

ဇာတ်ကောင်ပုံစံနှင့်အံဝင်ခွင်ကျရှိစေရန်ချန်အန်းဖျင်မှာရွှီချီချန်ကိုပြင်သစ်စကားတိုင်း၌စင်စစ်မှန်ကန်သည့်အသံထွက်နိုင်အောင်ပြင်သစ်ဆရာပင်အထူးတလည်ခေါ်ယူပေးထားကာ ၊ ချန်အန်းဖျင်မှာယခုအလွန်ကျော်ကြားနေသောထူထူသိပ်သည်းသည့်အရောင်အသွေးနှင့်အသားအရည်ကြည်လင်စေသည့် filter များအသုံးပြုရခြင်းကိုအလွန်မုန်းတီးသူလည်းဖြစ်၏။

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now