အခန်း - ( ၃ )【 U 】

505 70 8
                                    

တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၃ ) : သူ၏အာရုံစိုက်မှုကိုရရှိခြင်း ? 》

_________________________________

ရွှီချီချန်သည်မပြင်ဆင်ထားချိန်မှာဖမ်းမိခံလိုက်ရကာ* ၊ ထိုအချိန်တွင်အပြင်မှလီယွင်၏အသံကထွက်ပေါ်လာချေ၏။
[ * : အခြေအနေကိုရင်ဆိုင်ရန်အချိန်မရှိ။ ]

" မုန့်ဇယ် ?မုန့်ဇယ် ?မင်းအထဲမှာရှိနေတာလား ?"

" အမ်း!"

ရွှီချီချန်သည်အသက်ရှင်နိုင်မည့်လမ်းစတစ်ခုကိုရှာတွေ့သွားသည့်အလား ၊ ခံတွင်းထက်တွင်သကြားလုံးတို့ဖြင့်အပြင်ထံပြန်ဖြေလိုက်လေသည်။ ထို့နောက်အလျင်ထရပ်လိုက်ပြီး ၊ သူ၏အရှေ့မှလူထံခေါင်းငုံ့ပြလျက် -

" ကျေးဇူးပါ။ "

ဟုဆိုကာအပြင်ထွက်လာခဲ့၏။

" မင်းဘာလုပ်နေတာတုန်း ၊ ငါစိုးရိမ်ပြီးသေတော့မလို့ပဲ။ "

လီယွင်သည်ရွှီချီချန်ကိုဆွဲလာလျက် ၊ သူမ၏ဒေါက်တို့မှာမြောက်တက်သွားမတတ်။
ထိုအချိန်၌အနားရှိမိန်းကလေးဝန်ထမ်းတို့ထံမှကျိမုန့်ဇယ်အမည်ကိုရေရွတ်ကြသံကြားလိုက်ရပြီး ၊ ရွှီချီချန်မှာသူ၏ဦးထုပ်မှာထိုသူ၏လက်ထဲတွင်ရှိနေသေးကြောင်းအမှတ်ရသွားတော့သည်။

ရွှီချီချန်သည်မသိစိတ်အရအနောက်သို့လှည့်ကြည့်မိရာလင်းရန်သည်သန့်စင်ခန်းအတွင်းမှထွက်လာပြီဖြစ်ကာ ၊ ထိုသူသည်ဘေ့စ်ဘောဦးထုပ်ကိုထောင်ပြလာလျက်နှုတ်ခမ်းစွန်းတို့မှာလည်းကော့တက်နေကြချေ၏။
ထို့နောက်ရွှီချီချန်သည်ခေါင်းပြန်လှည့်လာပြီး : " ပြီးရင်လူရွေးစစ်ဆေးပွဲထဲမှာလင်းရန်ကတကယ်ရှိနေမှာလား ?"

လီယွင် : " အင်း ၊ စစ်ဆေးပွဲဖြေပြီးတဲ့သူတွေအကုန်သူ့ကိုတွေ့ခဲ့ကြတယ်။ "

လီယွင်သည်ရွှီချီချန်စိုးရိမ်ထိတ်လန့်သွားမည်ကိုစိုးရာ ၊ သူမသည်စိတ်အေးသွားစေရန်နှစ်သိမ့်လာလေသည်။

" ဘာမှမဖြစ်ပါဘူး ၊ လင်းရန်ကငယ်ငယ်ရွယ်ရွယ်နဲ့နာမည်ကြီးလာတယ်ဆိုပေမဲ့သဘောကောင်းပြီးမာနမကြီးပါဘူး။ "

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now