《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၁ ) : တင့်တယ်လှပ
သည့်အသွင်အဖြစ်ဖန်တီးခံရခြင်း ။ 》_________________________________
၂၀၂၅ခုနှစ် ၊ မတ်လ၂၂ရက် ၊ နံနက်လေးနာရီ။
ရွှီချီချန်မှာရုတ်ချည်းဘဝဆုံးခန်းတိုင်ခဲ့၏။လွန်လေခဲ့ပါသောတစ်စက္ကန့်ကပင်သူသည်ဝတ္ထုအပိုင်းသစ်ကိုတင်ရန်ကွန်ပျူတာရှေ့မှောက်၌ထိုင်နေခဲ့ပြီး ၊ နောက်တစ်စက္ကန့်တွင်မူသူ၏ဦးခေါင်းမှာကီးဘုတ်တို့ထက်ပြိုလဲဆင်းသက်သွားရကာမှောင်မိုက်မှုအတိပြီးသောနေရာထံကျရောက်သွားရတော့သည်။
ထိုအချိန်တွင်အမည်မသိနေရာတစ်နေရာမှ ၊ စက်ရုပ်ကဲ့သို့အသံပေါ်ထွက်လာခဲ့၏။" မင်္ဂလာပါ ၊ BE* ရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ်မှကြိုဆိုပါ၏။ ကျွန်တော်က AI စနစ်အမှတ် 0901 ဖြစ်ပါတယ်။ "
[ * : Bad Ending ]ရွှီချီချန် : " ဘာစနစ် ???"
ထိုအသံသည်ကားမနှေးမလျင်နှင့် :
" ဒီစနစ်ကိုမသမာသူစာရေးသူတို့အားအကြွေးပေးဆပ်စေစနစ် ၊ စာဖတ်သူတို့ငါ့ကိုနောက်တစ်ခေါက်လောက်ထပ်ချစ်ပေးကြပါစနစ်နှင့် ၊ BE လက်မခံပြန်ရေးသားစေစနစ် အဖြစ်လည်းသိကြပါတယ်။ "
ရွှီချီချန်သည်ယခုတွင် မိမိ၏မျက်နှာအားသာမြင်နိုင်မည်ဆိုပါက ၊ သူ၏မျက်နှာထက်ဝယ်အမည်းကြောင်း*တို့ဖြင့်ပြည့်နှက်နေလိမ့်မည်ပင်ဖြစ်သည်။
ထိုအမည်ပြောင်တို့မှာသူနှင့်အလွန်ပင်အကျွမ်းတဝင်ရှိလှပြီး ၊ ထိုစကားလုံးတို့မှာသူ၏ Weibo မှတ်ချက်ထက်တွင်မကြာခဏမြင်တွေ့ရတတ်သည့်စကားစုတို့ဖြစ်၏။
[ * :
YOU ARE READING
《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》
Romance「 မင်းကကိုယ်ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ထားရပါလေသောအိပ်မက်ကလေး။ ကိုယ်ကတော့ကိုယ်တစ်ချက်ထိတွေ့လိုက်ရုံနဲ့ပြိုကွဲကြေသွားမယ့်နေမင်းကြီးပေါ့။ 」 မူရင်းစာရေးသူ : ကျစ်ချူ။ စုစုပေါင်းအပိုင်း : ၉၇ပိုင်းနှင့်အချပ်ပို ၁၂ ပိုင်း။