အခန်း - ( ၂၄ )( ပ )

378 47 2
                                    

Unicode

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၂၄ ) : 0901 ၊ လင်းရန်ကငါ့ကိုသဘောကျလား ?》

___________________________________

“ CUT!”

ရပ်ရန်အော်လိုက်သည်နှင့်ရွှီချီချန်သည်လင်းရန်ပေါ်မှဆင်းလာလျက်အိပ်ရာထက်လဲလျောင်းလိုက်ပြီး ၊ ချန်အန်းဖျင်မှာလင်းရန်၏သရုပ်ဆောင်ရည်နှင့်စပ်လျဉ်း၍အလွန်အမင်းအံ့သြခြင်းမရှိ။
မည်သို့ပင်ဖြစ်စေဤကလေးကခက်ခဲသည့်ဇာတ်ကောင်မျိုးစုံကိုသရုပ်ဆောင်ဖူးပြီးဖြစ်ကာ ၊ လိင်တူအမျိုးသားနှင့်ဆိုလျှင်၏သူ၏ကျွမ်းကျင်စွမ်းရည်ကြောင့်အများအပြားအခက်အခဲရှိလိမ့်မည်မဟုတ်။

သို့ပေတည့်ကျိမုန့်ဇယ်သည်သူ့အားအံ့သြစေခဲ့သည့်အကြောင်းတစ်ရပ်ဖြစ်ပြီး ၊ ဇာတ်ညွှန်းအတိုင်းဆိုပါကအနှီဇာတ်ဝင်ခန်းတွင်နန်ခယ့်သာလျှင်အဓိကလွှမ်းမိုးရမည့်ဇာတ်ကောင်ဖြစ်သော်ငြားထိုသူကဒုတိယဝက်တွင်အဓိကကိုဝင်ရောက်နေရာယူသွားခဲ့သည်။
ထိုသူ၏သရုပ်ဆောင်ချက်မှာဖြားယောင်းနိုင်စွမ်းစွက်သည့်တိုင်အတိုင်းအတာကျော်လွန်သွားခြင်းလည်းမရှိ ၊ ဤကဲ့သို့ခံစားမှုကိုထိထိမိမိဖော်ပြညွှန်းနိုင်စွမ်းမှာ Idol အနုပညာရှင်လုပ်နိုင်စွမ်းနှင့်လုံးလုံးလျားလျားတူညီခြင်းမရှိ၏။

လင်းရန်သည်ယင်း၏သရုပ်ဆောင်ချက်ထံမှစိတ်ထိန်းနိုင်စွမ်းမဲ့သွားရကာ ၊ ယခုကုတင်ပေါ်ခန်းမှာမူလတွင်ဖြားယောင်းနိုင်စေစွမ်းလျက်ပြင်းထန်သင့်ပါသည့်တိုင်ထိုသူကအားပြင်းလှသောဝမ်းနည်းဖွယ်အလှတရားတို့ဖြင့်သရုပ်ဖော်သွားခဲ့သည်။
၎င်းကစိတ်အခြေအနေ၏အကျိုးဆက်ရလဒ်ပင်ဖြစ်နိုင်ပြီး ၊ ချန်အန်းဖျင်မှာယင်းကိုသိုဝှက်နေသောကံကောင်းခြင်းတစ်မျိုးနှယ်ပင်ခံစားမိ၏။

ရပ်တန့်ရန်အော်ဟစ်ညွှန်ကြားခံရပြီးနောက်တွင်လင်းရန်သည်မိမိကိုယ်ကိုထောက်ကန်လျက်ထထိုင်လိုက်ကာ ၊ သူ၏အတွင်းစိတ်မတည်ငြိမ်မှုကိုဖိနှိပ်ချုပ်ထိန်းထားရပြီးအသက်ရှုခြင်းကိုတည်ငြိမ်စေရန်ကြိုးစားလိုက်ရသည်။
သူ၏ဘေးရှိလူမှာမူမလှုပ်မယှက်ငြိမ်သက်နေသေးဆဲဖြစ်ကာလင်းရန်လက်ဆန့်ထုတ်လျက်တွန်းပုတ်ရန်ပြင်လိုက်သော်ငြား ၊ ယင်းကိုတွေးပြီးနောက်တွင်လက်ပြန်ရုတ်လိုက်ပြီးညင်သာစွာအခေါ်ရှိလိုက်၏။

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now