အခန်း ( ၆ )【 U 】

367 60 0
                                    

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၆ ) : အချစ်ဆိုတာကောင်းကင်ပြာနှင့်တိမ်ဖြူလို ၊ သာယာကြည်လင်သောကောင်းကင်လို ၊ Wechat လာအပ်တာလို(?) 》

_________________________________

ရိုက်ကူးရေးပြီးဆုံးသွားချိန်တွင်အဖွဲ့ဝင်များမှာလည်းမြန်မြန်ပင်စတူဒီယိုထဲမှထွက်လာကြ၏။
ပရိတ်သတ်များမှာလည်းအပြင်တွင်စောင့်နေကြသည်ဖြစ်ရာထွက်လာသည်ကိုမြင်လျှင်အလျင်စလိုဝိုင်းလာကြတော့သည်။

လက်ထောက်များမှာထိုသူတို့ကားထဲချောချောမွေ့မွေ့ဝင်သွားနိုင်သည်အထိကာပေးထားရ၏။

" အရမ်းပင်ပန်း!"

ပိုင်ယိသည်ကားပြတင်းပေါက်ကိုမှီထားလျက် -

" ခဏနေကျငါ OST အသံသွင်းဖို့ရှိသေးတယ် ၊ ငါ့ခန္ဓာကိုယ်တော့တော်တော်အားကုန်နေပြီလို့ခံစားရတယ်။ ရှန်ဟွမ့် ၊ မင်းလည်းဒီနေ့ရိုက်ကူးရေးရှိတယ်မလား။ "

ရှန်ဟွမ့်သည်ခေါင်းညိတ်ပြလိုက်ကာ : " ဒါပေမဲ့ငါက Mentor လေ ၊ အလွန်ဆုံးမှငါလှုပ်ရတာဆိုလို့ပါးစပ်ပဲရှိတာ။ ပြိုင်ပွဲဝင်တွေထက်စာရင်အများကြီးသာသေးတယ်။ "

ယင်းကိုကြားရပြီးနောက်တွင်ပိုင်ယိမှာတဖန်ငိုကြွေးမြည်တမ်းလာပြန်တော့သည်။

" မုန့်ဇယ် ၊ မင်းပြီးရင်ခဏအိပ်ပြီးနားလိုက်ဦး။ "

မင်ချီသည်ရွှီချီချန်တွေဝေနေပုံကိုကြည့်ကာ -

" မင်းကိုကြည့်တာတွေဝေမိန်းမောနေသလိုခံစားရတယ်။ "

" ငါကြားဖူးသလောက်တော့ဒါရိုက်တာချန်အန်းဖျင်ကသာမန်ထက်လွန်ကဲတယ် ၊ သရုပ်ဆောင်ကသရုပ်ဆောင်တာအဆင်မပြေရင်သေမတတ်ဆူတာတဲ့။ သူက cut လို့ပဲဆက်တိုက်အော်နေတော့ပြီး ၊ သရုပ်ဆောင်ရဲ့အချိန်ဇယားကိုမငဲ့ကွက်ပဲစိတ်ကျေနပ်တဲ့အထိသရုပ်ဆောင်ခိုင်းတာတဲ့။ "

ပိုင်ယိသည်ရွှီချီချန်၏ပါးကိုပုတ်လိုက်ကာနှစ်သိမ့်လာ၏။

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now