《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၇ ) : - တစ်ခါလောက်ဆိုးလိုက်ရတော့ခင်ဗျားပျော်သွားပြီလား ?- သိပ်ပျော်မိတယ် ၊ ကိုယ်နောက်လည်းဒီလိုအများကြီးလုပ်ဦးမယ်။ 》
__________________________________
လင်းရန် ....
လင်းရန် !?
ရွှီချီချန်သည်ထိုစာကြောင်းဖတ်ရင်းမသိလိုက်စွာပင်သူ၏လက်များမှာတုန်ခါသွားရ၏။
ရုတ်ချည်းဆိုသလိုပင်မျက်လုံးရှေ့တွင် “ congratulations ” ဟူသည့်စာတန်းမှာအပြာရောင်များလင်းထိန်လျက်ဘလင်းဘလင်းဖြင့်ပေါ်လာခဲ့သည်။" သင့်ကိုဂုဏ်ပြုပါတယ် ၊ သင်ဟာအပိုဆောင်းအမှတ်ငါးရာကိုရရှိပိုင်ဆိုင်သွားပြီဖြစ်ပါတယ်!"
အပိုဆောင်းအမှတ် ?
ရွှီချီချန်သည်အကြောင်းကြားစာကိုမှင်သက်လျက်ကြည့်နေမိပြီး ၊ ဖုန်းတစ်ဖက်မှလီယွင်၏အော်သံကြားမှအသိပြန်ဝင်လာတော့၏။
ထို့နောက်တွင်မှထိုအမှတ်တို့ကိုဘေးဖယ်လိုက်ပြီး ၊ ဖုန်းကိုမြှောက်၍နားနားကပ်လိုက်သည်။" ဟယ်လို!ဟယ်လို!"
" အိုင်းအိုင်း ၊ ကြားရပြီယွင်ကျဲ။ ခုနကလိုင်းမကောင်းဘူးဖြစ်သွားလို့ ... "
ထိုအခါမှလီယွင်သည်အသံလျှော့သွားပြီး -
" ငါပြောနေတာဘာလို့ဒီလောက်အကြာကြီးအသံတိတ်သွားတာလဲလို့။ "
" ယွင်ကျဲ ၊ အစ်မခုနကပြောတာစွင်းချန်ကပယ်ချခံရတယ် ?"
" အင်း ၊ အကြောင်းပြချက်ကိုတော့ငါလည်းစုံစမ်းနေတုန်းပဲ။ မြုပ်နှံသူတွေကြားကပြဿနာလို့ပဲငါထင်တယ် ၊ ဘာပဲဖြစ်ဖြစ်ဘယ်သူကပိုက်ဆံပိုပေးပြီးမြုပ်နှံနိုင်လဲဆိုတဲ့အပေါ်ပဲမူတည်ပြီးလောင်သာ့လောင်အာ့ကွဲသွားတာပဲလေ။ "
" အခုဒါကအရေးမကြီးဘူး ၊ ငါမင်းငါနဲ့လိုက်ပြီးထမင်းတစ်နပ်သွားစားရမယ်။ ငါအရင်ဆုံးရှင်းအောင်ပြောထားမယ် ၊ ဒါရိုက်တာချန်နဲ့ချွီပျန့်လည်းရှိလိမ့်မယ်။ မြုပ်နှံသူတွေပဲရှိမှာမဟုတ်ဘူး ၊ မြန်မြန်အဝတ်လဲထားလိုက်တော့။ ငါအခုလမ်းပေါ်ရောက်နေပြီ ၊ ၁၅မိနစ်အတွင်းအဲ့ကိုရောက်မယ်။ "
YOU ARE READING
《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》
Roman d'amour「 မင်းကကိုယ်ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ထားရပါလေသောအိပ်မက်ကလေး။ ကိုယ်ကတော့ကိုယ်တစ်ချက်ထိတွေ့လိုက်ရုံနဲ့ပြိုကွဲကြေသွားမယ့်နေမင်းကြီးပေါ့။ 」 မူရင်းစာရေးသူ : ကျစ်ချူ။ စုစုပေါင်းအပိုင်း : ၉၇ပိုင်းနှင့်အချပ်ပို ၁၂ ပိုင်း။