အခန်း - ( ၂၃ )【 U 】

284 48 2
                                    

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၂၃ ) : ငါကမှမင်းတို့မျှော်လင့်နေတဲ့ကုတင်ပေါ်ခန်းဧကရာဇ်·အတုအယောင်။ 》

___________________________________

ချန်အန်းဖျင်သည်အနောက်မှညွှန်ကြားလာသည်။

" အခြေအနေကခုနကထက်နည်းနည်းပိုအဆင်ပြေလာပြီ ၊ နည်းနည်းထပ်ပြီးစိတ်လျှော့ထားဖို့လိုနေသေးတာ။ ဒီလိုကျူးလွန်မှောက်မှားမိတဲ့ဇာတ်ဝင်ခန်းမျိုးပထမဆုံးအကြိမ်ရိုက်ကူးရတာကိုသိပ်ပြီးအသားမကျဖြစ်မယ်ဆိုတာငါသိပါတယ် ၊ ငါပြောပြီးပြီပဲ။ မင်းကိုယ်မင်းဇာတ်ကောင်ဆီကိုအလုံးစံနစ်ဝင်ပစ်လိုက်ဖို့လိုတယ်လို့ ၊ မင်းရဲ့အခုဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုမေ့ထား။ ယွိနင်ရဲ့စရိုက်ဗီဇနဲ့သူသာဆိုဘယ်လိုတုံ့ပြန်မလဲဆိုတာပဲတွေး။ "

သူသည်ဝန်ထမ်းများပြားလွန်းနေပါကအနှောင့်အယှက်ဖြစ်နိုင်သည်ဟုတွေးလျက်အခြားမဆိုင်သောအဖွဲ့သားဝန်ထမ်းများကိုဖယ်ထုတ်ထားပြီးလိုအပ်သောရိုက်ကူးရေးသမားများကိုသာချန်ထားခဲ့၏။
ရွှီချီချန်သည်လည်းအနားတွင်လူအနည်းငယ်သာရှိသောကြောင့်စိတ်အတွင်း၌ဝန်လေးခြင်းမရှိတော့ ၊ ယခုတွင်မူးယစ်နေခြင်းကိုသာခံစားရပြီးမျက်နှာထက်တွင်မူပုံမှန်မဟုတ်သည့်အပူချိန်ကိုခံစားမိလာလျက်။

သေချာပေါက်ပင်အရက်၏အကျိုးဆက်သက်ရောက်မှုမှာနှောင့်နှေးနေခြင်းသာဖြစ်နိုင်ပြီးပျောက်ကွယ်သွားနိုင်လိမ့်မည်မဟုတ် ၊ ယခုနကသူသောက်ခဲ့သည့်ပမာဏမှာများပြားလှပြီးဝိုင်ဖြူခွက်ငယ်တစ်ခွက်ထက်ပင်ပိုမိုအာနိသင်ပြင်းထန်သည့်ခွက်ဝက်ဖြစ်သည်ဟုခံစားရပေသည်။
ယင်းတို့ကိုတွေးတောနေချိန်၌သူ၏ခါးကိုတစ်စုံတစ်ဦးမှလာရောက်ထိပုတိခြင်းကိုရုတ်ချည်းခံစားလိုက်မိကာ ၊ ရွှီချီချန်မှာခါးကိုကာလိုက်လျက်ရုတ်တရက်ခေါင်းလှည့်ကြည့်လိုက်၏။

" မင်းကြောက်ရွံ့နေတာလား ?"

လင်းရန်ကသူ၏ဘေးတွင်လာရပ်လျက်မေးလာခဲ့သည်။ ရွှီချီချန်မှာအနည်းငယ်မျှတုံ့ဆိုင်းနေမိပြီး -

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now