အခန်း - ( ၁၉ )【 U 】

323 59 2
                                    

《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၁၉ ) : ချစ်ကြိုက်ခြင်းဟူသည်အစဉ်ခံစားချက်များရောပြွန်းလျက်သား။ 》

__________________________________

ရွှီချီချန်သည်အနည်းငယ်စိတ်ရှုပ်ထွေးနေမိ၏။ သူအဘယ်ကြောင့်မခုခံခဲ့မိကြောင်းကိုနားမလည်နိုင်သလို ၊ နမ်းရှိုက်လာခြင်း၏အဓိပ္ပါယ်ကိုလည်းနားမလည်နိုင်ခဲ့ပေ။

သူ၏ခန္ဓာကိုယ်အလုံးစုံမှာတစ်စုံတရာထံမှထိန်းချုပ်ခံထားရသည့်အလား ၊ လင်းရန်နှင့်ရင်ဆိုင်ကြုံတွေ့ရတိုင်းမှာသူ့တွင်ချုပ်တည်းနိုင်သည့်ခံနိုင်စွမ်းမရှိတော့ပါချေ။ ဆယ်နှစ်ကြာပြီးသည့်နောက်တွင် ၊ အဆိုပါခံစားချက်မှာထပ်မံပေါ်ထွက်လာခဲ့ပြီပင်။

သို့ပေတည့်ဤတဒင်္ဂမျှ၌သာအချိန်များရပ်တန့်သွားစေရန်တောင်းဆုပြုမိရကာ ၊ စင်စစ်ကမ္ဘာထံပြန်မသွားနိုင်တော့လျှင်ပင်အဆင်ပြေပါ၏ဟုတွေးမိရသည်။

လင်းရန်သည်ကနဦး၌ထိုနေရာတွင်နေထွက်လာခြင်းကိုစောင့်မျှော်ကြည့်ရှုရန်စီစဉ်ထားပါသော်လည်း ၊ မမျှော်လင့်ထားသောမိုးပေါက်တို့ကသာကျဆင်းလာလျက်။ ပင်လယ်ကမ်းခြေရှိမိုးရွာသွန်းခြင်းကအစီအစဉ်ကိုဖျက်ဆီးသွားလေရာ ၊ နှစ်ဦးသားမှာလည်းရွေးချယ်စရာမရှိတော့စွာဖြင့်နေရခက်သည့်တိုင်ရိုမန့်တစ်လည်းဆန်လှစွာစက်ဘီးစီးလျက်ပြန်​လှည့်ခဲ့ကြရတော့၏။

ရွှီချီချန်သည်ဟိုတယ်သို့ပြန်ရောက်ပြီးနောက်ရေနွေးပူပူတို့ဖြင့်ရေချိုးလိုက်ပြီး ၊ မှန်ထက်မှရေငွေ့တို့ကိုသုတ်လိုက်ခိုက်တွင်သူနှင့်မသက်ဆိုင်သည့်မျက်နှာအသွင်ကိုမြင်လိုက်ရရာလင်းရန်၏အနမ်းကိုပြန်လည်တွေးတောမိတော့သည်။
နှလုံးအိမ်ထက်တွင်ကားရုတ်ချည်းပင်ဗလာကျင်းသွားရ၏။

" 0901 ၊ မင်းအိပ်နေပြီလား ?"

0901 : " လူကြီးမင်းရွှီ ၊ ကျွန်တော်က AI လေ။ အိပ်စရာမလိုဘူး။ "

ရွှီချီချန်ထံမှရယ်မောသံထွက်လာကာ : " လင်းရန်အခုငါ့ကိုသဘောကျနေပြီလို့မင်းထင်လား ?"

《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》Where stories live. Discover now