《 တင့်တယ်လှပမှုနှင့်သရုပ်ဆောင်အရည်အချင်းတို့၏ အမြင့်မားဆုံးသောပြိုင်ပွဲ - ( ၁၆ ) : ထူးဆန်းတယ် ၊ သကြားလုံးကိုအသက်တမျှကြိုက်တဲ့သူကရုတ်တရက်ကြီးသကြားလုံးမစားတော့ဘူးတဲ့။ 》
__________________________________
ချန်အန်းဖျင်သည်ထိုအနမ်းခန်းပြီးသည့်နောက်တွင်နားချိန်လုံလုံလောက်လောက်ပေးထားခဲ့ပြီး ၊ ရိုက်ကူးရေးသမားအများအပြားနှင့်ဆွေးနွေးမှုပြုလုပ်နေလျက်ဝန်ထမ်းများမှာလည်းအလုပ်ရှုပ်နေရာရိုက်ကွင်းမှာဆူညံနေသည်။
ရွှီချီချန်၏ဝမ်းဗိုက်ဝေဒနာမှာကားမပျောက်ကင်းသွားသေးပေ ၊ အဆိုပါဝေဒနာအားနို့သောက်ခြင်းကသက်သာစေကြောင်းကိုတစ်နေရာရာတွင်မြင်ဖူးထားကြောင်းအမှတ်ရသွားရာစားပွဲဘေးထံလျှောက်သွားပြီးနို့တစ်ခွက်ယူကာတစ်ငုံသောက်လိုက်၏။" မသောက်နဲ့ ၊ အဲ့ဒါကအေးနေတာ။ "
လင်းရန်၏အသံမှာရုတ်ချည်းပေါ်ထွက်လာကာ ၊ ရွှီချီချန်မှာလည်းအဘယ်ကြောင့်မသိသော်ငြားအပြစ်မကင်းစိတ်ဖြစ်နေမိရာနောက်သို့ပင်လှည့်မကြည့်နိုင်ခဲ့။
လင်းရန်ဘက်မှဦးစွာမြင်လိုက်ရသည်မှာကား နမ်းရှိုက်ထားခြင်းကြောင့်ဖူးရောင်နေသည့်ထိုသူ၏နှုတ်ခမ်းသားလေးဖြစ်ပြီး ၊ ယင်းမှာသူ့အားယခုနကဇာတ်ဝင်ခန်းကိုပြန်လည်အမှတ်ရစေ၏။ထိုနေရာထံထပ်မံကြည့်မိချိန်၌နှုတ်ခမ်းတဝိုက်တွင်နို့နှစ်ဖြူရောင်တို့စွန်းထင်းနေခြင်းမှာတစ်မျိုးတဖုံရယ်ရစေသည့်နှုတ်ခမ်းမွှေးလေးများနှင့်တူလှကြောင်းကိုမြင်လိုက်ရရာ ၊ မနေနိုင်စွာရယ်လိုက်မိပြီးဘေးရှိတရှူးဘူးထံမှတရှူးတစ်ရွက်ဆွဲထုတ်ကာရွှီချီချန်ထံပေးလိုက်သည်။
ရွှီချီချန်သည်စိတ်ရှုပ်ထွေးလျက်နားမလည်စွာမော့ကြည့်လာကာ ၊ လင်းရန်မှာလည်းမတတ်နိုင်စွာဖြင့်ပင်ရှေ့သို့တစ်လှမ်းတိုးသွားလိုက်ကာထိုသူ၏နို့နှစ်တို့ပေနေခြင်းကိုသုတ်ပေးလိုက်ရတော့၏။" ကျေးဇူးပါ ... "
ရွှီချီချန်ထိုစကားဆိုလိုက်ပြီးသည်နှင့် ၊ လင်းရန်ကသူ့လက်မောင်းတို့ကြားထံဆေးဘူး*တစ်ဘူးပစ်ပေးလာတော့သည်။ ရွှီချီချန်ယင်းကိုယူကြည့်လိုက်ရာဝယ်ဝမ်းဗိုက်ဝေဒနာဆေးများဖြစ်နေလေရာ ၊ လင်းရန်ထံအံ့သြကြီးစွာဖြင့်မော့ကြည့်လိုက်ပြီး -
YOU ARE READING
《 ဇာတ်သိမ်းဆိုးရူးသွပ်သူနတ်ဆိုး၏အသက်ဆက်ရေးစနစ် 》
Lãng mạn「 မင်းကကိုယ်ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ထားရပါလေသောအိပ်မက်ကလေး။ ကိုယ်ကတော့ကိုယ်တစ်ချက်ထိတွေ့လိုက်ရုံနဲ့ပြိုကွဲကြေသွားမယ့်နေမင်းကြီးပေါ့။ 」 မူရင်းစာရေးသူ : ကျစ်ချူ။ စုစုပေါင်းအပိုင်း : ၉၇ပိုင်းနှင့်အချပ်ပို ၁၂ ပိုင်း။