အခန်း(၁)
ရှေးဦးစွာ Mun တို့ေကျးရွာမှ အမည်ပါပုဂ္ဂိုလ်များအား ဒီကပင် တောင်းပန်အပ်ပါသည်။
ဤ၀တ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်ကြောင့် တစ်စုံတစ်ဦးအား ထိခိုက်စေလိုခြင်း/ ပုတ်ခတ်လိုခြင်း မဟုတ်ကြောင်း ထပ်မံ၍ Mun
မှ အနူးအညွှတ် မေတ္တာရပ်ခံလိုသည်။
ချစ်သည့်စိတ်ကြောင့်အမည်နာမ ထည့်သုံးခြင်းဖြစ်၏။--------------
လူတိုင်းသည် လှပလွန်းသည့်အရာများအပေါ်၌ ပိုင်ဆိုင်လိုစိတ်ရှိကြပေမည်။ ရယူရန်လည်း ကြိုးစားတတ်ကြပေလိမ့်မည်။ သို့သော် အကျွနုပ်သည်
ထိုအရာများအပေါ်၌ ငေးကြည့်ခွင့်ရရုံဖြင့် ကျေနပ်ပါသည်။ နမ်းရှိုက်ခွင့် ခူးယူခွင့် စားသုံးခွင့်ရရန်လည်း မည်သို့မျှကြိုးစားမည်မဟုတ်။
အဘယ့်ကြောင့်ဆိုသော် ပန်းတစ်ပွင့်ပင်ဖြစ်ေစကာမူ ခူးဆွတ်ပြီးသည်နှင့် မည်သည့်ေနရာတွင် မည်သို့ေကာင်းမွန်စွာထားထား အပင်၌ ခန့်ထည်စွာ လှပနေခြင်းကိုတော့ မမှီနိုင်ပေ။ ထို့ကြောင့်
ကျွနုပ်မြတ်နိုးသော ထိုပန်းတစ်ပွင့်ကိုလည်း
နဂိုရှိရင်းအတိုင်း ငွါးငွါးစွင့်စွင့် လှပနေသည်ကို
မြင်လိုခြင်းသည် အကျွနုပ် စိတ်ဝိဉာဉ်သာဖြစ်ပေသည်။-------------
အခန်း(၁)
မေတ္တာဟူသည် နူးညံ့သော စိတ်သဘောထားတစ်ခုဖြစ်၏။ တစ်စုံတစ်ဦးအား မေတ္တာထားခြင်းသည် အလွန်ပင် မြင့်မြတ်သည်ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့ပေသည်။
ထိုအရာသည် အသွားအပြန်လည်း ရှိသည်ဟု ဆိုတတ်ကြသည်။တစ်ဖန် ဝေလွန်းလျှင်မမြင်ရ နီးလွန်းလျှင်လည်း မမြင်ရဟု ဆိုတတ်ကြေသးသည်။
မည်သို့ပင် ဆိုစေကာမူ မေတ္တာသဘောသည် ပေးပို့သူနှင့်သာ သက်ဆိုင်သည့်အရာတစ်ခုဖြစ်ပေလိမ့်မည်။
ပေးပို့သူသည် လက်ခံသူထံမှ အသွားအပြန် အပြန်အလှန်သဘောထားခြင်းမူကား တကယ့်မေတ္တာအစစ် မဟုတ်။ အမှန်စင်စစ် မေတ္တာမူကား တစ်စုံတစ်ခုမျှ မမျှော်လင့်ဘဲ ပေးပို့ခံရသူ အကျိုးေကျးဇူးတစ်ခုတည်းကိုသာ လိုလားခြင်းဖြစ်ပေသည်။
ထို့ေကြာင့်မေတ္တာသည် အလွန်ရှားပါးပြီး အဖိုးလည်းထိုက်၏။မေတ္တာစစ် မေတ္တာမှန်ကို တွေ့လိုလျှင် မိဘနှင့် သားသမီးကြားတွင်သာ ကြည့်ကြပါလေ။
မိဘဟူသည် သားသမီးအပေါ်၌ အကျိုးအမြတ်တစ်စံုတစ်ရာကိုမျှမမျှော်လင့်။ ကြီးမြတ်သော မေတ္တာသဘောဖြင့် ကျွေးမွေးပြုစုတတ်ကြသည်။
ဉယျာဉ်မှူးများကဲ့သို့ သားသမီးဟူသော အပင်လေးများအပေါ် ၌ ဂရုတစိုက် ပြုစုပျိုးထောင်ကာ အရိပ်တကြည့်ကြည့်ဖြင့် စောင့်ရှောက်တတ်ကြသေးသည်။
ထို သားသမီးဟူသည့် အပင်များ သီးချိန်သီး ပွင့်ချိန်ပွင့်လာချိန်၌ တန်ပြန်မေတ္တာဟူသော အသီးအပွင့်ကို စားသုံးနိုင်သည်ဖြစ်စေ မစားသုံးနိုင်သည်ဖြစ်စေကာမူ မေတ္တာမပျက် ချစ်မြဲချစ်လျှက်သာပင်။
ဤသည်ကား မိဘမေတ္တာပေတည်း။
-------------
ရွှေကျေးပင်ရွာသည် ရွှေဘိုမြို့နှင့် မိုင်(၄၀)ခန့်အကွာတွင် တည်ရှိသော ရွာကြီးတစ်ရွာဖြစ်၏။
အရှေ့ဘက်တွင် ငှက်ပျောရွာ/အနောက်ဘက်တွင် အင်းလယ်ရွာ/တောင်ဘက်တွင် ခင်အုန်းရွာတို့ဖြင့် နီးကပ်စွာတည်ရှိပြီး အိမ်ခြေပေါင်း ၃၀၀ေကျာ်ရှိသည်။ ရွာပတ်လည်တွင် အက်ကြီး ၉ အက်ဖြင့်ခြံရံထားသည်ကြောင့် ရေပေါများပြီး စိုက်ပျိုးခြင်းအတွက် များစွာကောင်းသည့် ရွာတစ်ရွာဟုဆိုလျှင်
မမှားပေ။
ရွာရှိလူများထဲတွင် စိုက်ပျိုးမြေရှိသူများက စိုက်ပျိုးရေးလုပ်ကိုင်လျှက်ရှိပြီး အချို့မှာမူ အက်ကြီးများ၌ ရေလုပ်ငန်းလိုက်ကိုင်လျှက်ရှိသည်။
ရွာ၌ ချမ်းသာသူ လူတစ်ချို့သည်တော့ အက်ကြီးများကိုပင် အပိုင်၀ယ်ယူ၍ ငါးမွေးမြူခြင်း လုပ်ကိုင်ကာ ရွှေဘိုမြို့အထိ ချဲ့ထွင်နိုင်ခဲ့သည်။
ထိုလူချမ်းသာစာရင်းတွင် ကိုဖိုးထောင်အား မည်သူမှမမှီပေ။ သူသည် အက်ကြီး ၉အက်ရှိသည့်အနက် ၄အက်အထိ ပိုင်ဆိုင်ထားသူဖြစ်သည်။ ရွာတွင် အချမ်းသာဆုံးပေတည်း။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်