အခန်း(၂၇) ဇာတ်သိမ်းပိုင်း
လောကမှာ အပျော်ရွှင်ဆုံးအခိုက်အတန့်ဟုဆိုလျှင် အဝါရောင်တွေနှင့်ပြည့်နေတဲ့ ပတ်၀န်းကျင်မှာနေထိုင်ရခြင်းဟုဆိုချင်သည်။
ဉပမာ။ ။
ခြံအပြည့်လွှမ်းေနတဲ့ ကျူလစ်ပန်းအဝါတွေကို
အမြဲမြင်တွေ့နေရခြင်း။အဝါရောင် ဆက်နှစ်ရာသီပင်အရိပ်အောက် ခိုလှုံရခြင်း။
နှစ်ထပ်တိုက်ကြီးတစ်ခုလုံးကို ဝါထိမ်နေအောင် ဆေးသုတ်လိုက်ခြင်း။
ဒါ့အပြင် ကားကအစ အဝါရောင်ကိုရွေးထားခြင်းမျိုး။
အင်း..အများအမြင် ခပ်ကြောင်ကြောင်ပေါ့။
သို့ပေသိ ကျွန်ုပ်ဖြင့် မကြောင်နိုင်ပါ။
အမြဲမြင်ေနရလို့လည်း မရိုးသွား။
အထူးသဖြင့်
ကျွန်ုပ်ရဲ့မူပိုင် အဝါရောင်လေးကိုဖြင့် အတိုင်းမသိပေါ့။ဟော..အခုဆို အတိုင်းမသိချစ်မြတ်နိုးရမယ့်
နောက်ထပ် အဝါရောင်ကလေး ရှိလာတော့ ပိုဆိုး။
ဒီက အနိုင်ဆိုတဲ့မိန်းမမှာ အမြဲတပြုံးပြံုးဖြင့်
ဘ၀င်လေဟပ်တဲ့အဆင့်ပေါ့။-"မာမီ..မာမီ..
မေမေ"ဟောကြည့်..တွေးရင်းနှင့်။
အနိုင်တစ်ယောက် အိမ်ရှေ့က ဆယ့်နှစ်ရာသီပင်
ေအာက်ရှိ ဒန်းကလေးတွင် ၀တ္ထုတစ်အုပ်ဖြင့်
ဇိမ်ထုတ်နေခြင်းပါ။
ဒီနေ့ အလုပ်အားသဖြင့် ချမ်းအေးသည့်မိုးကုတ်ရာသီ၌ ယခုကဲ့သို့မိန်းမဖျော်တိုက်တဲ့ ကော်ဖီလေးသောက်လိုက် ခပ်နွေးနွေးရင်ခွင်ကလေးထဲ
ကျောမှီလိုက်ဖြင့် အနွေးဓာတ်ခိုလှုံမိသည်။ဒါကို ခပ်လှမ်းလှမ်းမှ မပီတပီ အော်ခေါ်ေနသည့်အသံလေးကြောင့် အနိုင် မှီနေရာမှ ထထိုင်ရလေပြီ။
အိမ်အ၀င်ပေါက်သို့ လှမ်းမျှော်ကြည့်မိတော့ မြင်ကွင်းသို့ အပြေးအလွှားရောက်လာသည့်
အဝါနုကလေး။ဒါလေးက အနိုင့်ရဲ့ပန်းကေလး။
အနိုင့်ရဲ့ ဆည်းလည်းလေး။
အနိုင့်သမီးကလေး..။ထိုပန်းကလေးဟာ အိမ်၀မှလှစ်ကနဲပြေးထွက်၍ အနီးသို့ရောက်လာလေပြီ။
ရောက်ရောက်ချင်းမှာပင် ဝါက။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်