အခန်း(၂၀)
လောက၌သဘာ၀အလှတရားများအနက် နေထွက်နေ၀င်ချိန်အလှသည်ကား တုစရာမရှိသည့် အလှတရားများပါလေ။ နေအ၀င်တိမ်တောက်ချိန်သည် ကောင်းကင်တစ်ခုလုံးသာမက အကျည်တန်များလှရသည်အထိ ပတ်၀န်းကျင်တစ်ခုလုံး ဝါခနေရသည်မှာ ရှုစားမ၀သည့်မြင်ကွင်းမျိုးပေ။
တိုကို အက်အလယ်ရှိလှေကလေးထဲမှာနေ၍ ကောင်းကင်အလှသာမက ရေပြင်ကအရိပ်ပါ
နှစ်ဆင့်ရှုစားမိတော့ အေးချမ်းကြည်နူးမှုသည်
တုနှိုင်းမဲ့ေပ၏။
လူဖြစ်ကျိုးလည်းနပ်လှသည်။
ထိုမြင်ကွင်းမျိုးကို ချစ်သူရင်ခွင်သို့ ကျောမှီရင်းမှ မျှော်ငေးရသည့် အနိုင်အတွက်သာဆိုလျှင် ပြောမပြတတ်အောင်ပါလေ။
သေရလျှင်တောင်တန်မည့်အနေအထား။
ထိုအနေအထား၌ ရင်ထဲ၌အပျော်ကလေးတွေစု၍
မျက်နှာတွင် သွားမစိနိုင်အောင် ပြုံးမိသည်။
ထိုကိုမှ မလွတ်တမ်း တစိုက်မတ်မတ်ကြီး ငံု့စိုက်ကြည့်နေသည့် မျက်၀န်းညိုညိုကလေးကြောင့်
မနေတတ်စွာ သူ့မေးချွန်းချွန်းကို လက်ဖြင့်အပေါ်တွန်းလိုက်ရင်း။-"ဝါ..အဲ့မှာေတွ့လား။
ဝါအရှေ့မှာ လောကရဲ့
အလှပဆုံးမြင်ကွင်းလေးရှိတယ်။
အာ့ကို ခံစားကြည့်ရှုစမ်းပါ။
အနိုင့်က ဒီမြင်ကွင်းလောက်မလှတာမို့
အချိန်တွေနှမျောစရာကောင်းမယ်။"-"အဟက်..ဘယ်သူပြောလဲ။
အနိုင့်ကို အဲ့မြင်ကွင်းလောက်မလှဘူးလို့
ဘယ်သူကပြောသလဲ။ဟင်။
တို့အနိုင်လောက်များ လောကက
မြင်ကွင်းမှန်သမျှ ပန်းမှန်သမျှ
အို ရှိရှိသမျှ အလှအပတွေက လှမတဲ့လား။
ဒါကိုမသိဘဲနဲ့
တို့ကို မနှောက်ယှက်စမ်းနဲ့ကွယ်။
ဆက်ငေးဦးမယ်။"-"ဟာ..
မသိဘူးကွာ။သွား.
.မငေးနဲ့။
နေရခက်တယ်"တွန်းပို့ထားသည့် ကျွန်ုပ်လက်ကလေးကို ဆုတ်ကိုင်ထားရင်း ပြန်၍ငုံ့စိုက်ကြည့်ကာ ပြုံးလျှက် စကားေတွချွေသည့်ဝါ။
ရှက်စိတ်ဖြင့် ရင်ခွင်သို့ပါးအပ်၍ မျက်နှာဝှက်ရင်းက သူ့မေးေစ့ကိုတွန်းမြဲတွန်းစဲ။
ဒါကို မရမကငုံ့ကြည့်လာသည့်ဝါက။-"ဟော..ဘယ်ကိုများသွားရမလဲ အနိုင်ရယ်။
သွားပါဘူးနော်..
အနိုင်မောင်းထုတ်လည်း
တို့ဘယ်မှမသွားဘူး။
အရိုးဆွေးတဲ့အထိ အနိုင့်ဘေးနေချင်သူမို့
ဘာပဲကြုံရကြုံရ မထားခဲ့နိုင်ပါဘူး။"
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်