အခန်း(၁၃)
"အဇူလေး ဒီငါးေတွပုံးထဲလာထည့်ကူပါဦး။"
-"ဟုတ် မမနုလာပြီ။"
-"နေ..နေ။
မနု ကျွန်မပဲ လာကူမယ်"-"အဲ့ဆို မိဇူ ဒီပုိက်ထဲကငါးတွေ ကူဖြုတ်လှည့်"
-"ဟုတ် အရီး"
-"နေ..နေ အနိုင်။
အရီး ခနနော်။
ဒါပြီးမှ ကျွန်မလာကူလှည့်မယ်။"မိုးရာသီကာလဖြစ်၍ အက်ထဲတွင် အလုပ်များ
မနိုင်အောင်ရှိသည်။ ထို့ကြောင့် အနီးအနားရှိ
အားနေသည့်အနိုင့်ကို ထိုသို့ ဟိုကအကူ/သည်ကအကူခိုင်းနေခြင်းပင်။
ထိုသည်ကို မနေနိုင်သည့်ကျွနုပ်မှာသာ အနိုင့်အစား ဟိုပြေးကူရ/သည်ပြေးကူရဖြင့် လက်မလည်အောင်ရှိသည်။
မောတော့ မမောမိပါလေ။
သိတဲ့အတိုင်း ဘာမှမခိုင်းရက်အောင်ကို
ဒီက ချစ်ရတာကိုး။-"ဒုံး..ဒုံး!"
-"အမလေး အနိုင်!။
အာ့ ဘာလုပ်နေတာတုန်း!"အရီးကိုကူနေစဉ်ခန အနောက်ဘက်က စဉ့်နီတုံးတံုးသံကြား၍ လှည့်ကြည့်မိမှ ခေါင်းနပန်းကြီးရသည့်အဖြစ်။
ဘုရား ဘုရား။
အနိုင်ရယ်လေ လက်နုနုနယ်နယ်ကလေးနှင့်
မလိုက်မဖက် ဓားမကြီးကိုင်ထားလေရဲ့။
တစ်ဖက်မှာလည်း ၂ပိဿာလောက်ရှိသည့်
ငါးရံ့ကြီးကို ကိုင်ထားသေးသည်။
မျက်လုံးတွေပါပြာသွားသဖြင့် သူ့နံဘေး ဆွေ့ကနဲသွားရောက်မေးမိတော့ သူကလေးမှာမူ ဘာမှမဖြစ်သလိုပင် ပြုံးပြလျှက်။-"အဟီး....ဘာလုပ်ဆို
မခိုင်ကို ငါးကူခုတ်ေပးနေတာလေ"-"နေ..နေမကူနဲ့။
တို့ပဲ ကူလိုက်မယ်"-"အမလေး အဝါရေ။
မပြောချင်လို့ကြည့်နေတာကို
ဒီတခါတော့ မနေနိုင်လို့ပြောရဦးမယ်။
တော်တော်ကဲတယ်နော်..ဟွန်းဟွန်း"-"မဟုတ်ပါဘူး မခိုင်ရယ်
ကျွန်မမိန်းမလေးက လက်နုနုကလေးေတွနဲ့လေ။
မတော်လို့ ခုတ်မိသွားမှဖြင့်"-"အမလေး မနိုင်ဘူးအေ။
ငါတော့ မနိုင်တော့ဘူး မိဇူမရေ။
ပြောဦး"-"ဟုတ်ပါတယ် ဝါရဲ့။
အနိုင် ဒီလောက်တော့ ကူလို့ရပါတယ်။
အနိုင်ပဲ လုပ်လိုက်မယ်နော်"
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်