အခန်း(၁၀)-(ခ)
-"အနိုင်..အနိုင်ကလေး"
-"အင်း"
-"တို့ကို ခုနကလိုလေးခေါ်..."
-"ယောက်ျား"
-"အဟိ"
ဘုန်ကြီးကျောင်ကန်ဘေးတွင် လက်မောင်းအားတွဲ၍ ခပ်ချွဲချွဲေခါ်စဉ် ခန။
မကြည်နေသည့်စိတ်/ရှက်သည့်စိတ်/ မျက်နှာပူသည့်စိတ်အစဉ်တို့သည် အငွေ့ပျံကုန်သည်ထင်။
ကြက်ပျောက်ငှက်ပျောက် ပျောက်ေလပြီ။
ကိုယ်တိုင်က မညုဘဲရူးနေပါလျှက် ညုလာစဉ်
သွက်သွက်ခါရသည်က မဆန်းပါလေ။
သူ့အား ခေါ်သည့်နာမ်စားကြောင့် အပျော်ကြီးပျော်ကာ ကြောင်ပေါက်ကလေးလို လည်ပင်းအားတိုးဝှေ့လာစဉ် အသည်းအူကလေး ပြုတ်ကျရပြန်သည်။-"ဝါ"
-"ဟော..ခုနကလိုခေါ်ပါဆို"
-"အဲ..ယောက်ျား"
-"ရှင်"
-"ဟိုလေ.."
-"ပြော ဝါ့မိန်းမ ဘာလိုချင်လဲ။ ဘာရချင်လဲ။
ဘာစားချင်လဲ။ ဘာဖြစ်ချင်လဲ ပြောကွယ်"-"ဘာမှမလိုချင်သလို ဘာမှမရချင်ဘူး။
ဘာမှလည်းမစားချင်ဘူး။
ဘာမှလည်းမဖြစ်ချင်ပါဘူး"-"ဟော အဲ့ဆိုပြောကွယ် ဝါ့မိန်းမကို ဘယ်သူက
အနိုင်ကျင်လို့လဲပြော။ ခုနက ကောင်ကြောင့်လား။
နေဦး အဲ့ကောင်ကို တို့ သွားလုပ်စမ်းဦးမယ်"-"အမလေး ဝါရယ်။
ဒါကဘယ်လဲ။
ကျုပ်ပြောတာလည်းဆုံးအောင် နားထောင်စမ်းပါဦး"-"အင်း..အင်းပါ"
လက်သီးလက်မောင်းကြီးတန်းလျှက် မရှိသည့်ဗလထုတ်ပြနေသည့် သူ့ကို ဆွဲကာ ပြန်ထိုင်ခိုင်းရသည်။
ဗလမရှိပေမယ့် ဇရှိသည့်ပုံနှင့်သူက တကယ်လုပ်မည့်ဟန်ရှိသည်။
သို့သော် သူ့ကိုအထင်ေသး၍မဟုတ်။
ဟိုဘက်ကပြန်လုပ်၍ သူတစ်ခုခုဖြစ်ခဲ့လျှင်
ကျွနုပ် ရင်ကျိုးရပါမည်။
ဖြစ်ချင်းဖြစ် ကိုယ်သာဖြစ်ချင်မိသည်။
တွေး၍သာ တွေးပူရပါသည်။
သူတို့မောင်နှမကို ရွှေကျေးပင်တစ်ရွာလုံးရှိ
မည်သူကများ ထိပါးေစာ်ကားရဲမည်တဲ့လဲ။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်