အခန်း(၁၀)-(က)
"အကို"
-"ဟေ"
-"ညီမလေး အနိုင့်ကို လက်ထပ်ယူချင်တယ်"
-"ဟမ်!။
ဟ!"အရှေ့မှရှိနေသည့် အခြေအနေတစ်ရပ်ကြောင့်
ကျွန်ုပ်နဖူးချွေးတို့ပင် စို့လာသည်။
ဝါမှ အိမ်ခနလိုက်ခဲ့ပါဟု ခေါ်သည်ကြောင့်
ထုံးစံကဲ့သို့ ေကာက်ေကာ်ပါေေအာင်
လိုက်မိရာက စ၏။
သတ္တိရှိနေ၍ေတာ့ မဟုတ်ပါ။
သူတို့ ခြံ၀င်းကျယ်ကျယ်ထဲသို့ ချစ်သူပေးသည့်
အနီရောင်ကတ္တိပါဖိနပ်ကလေးစီး၍ ကြွကြွကလေး
စ၀င်ကတည်းကပင် ဒူးတစ်ချက်တုန်ခဲ့ပါရဲ့။
ကျွနုပ်သည် ဝါ့ကိုသာ ခြေဖျားအထိ ေကြွဆင်းခယချစ်ရေသာ်ငြား သူ့အကိုဖြစ်သူကို
ငယ်ငယ်ကတည်းက မြွေလိုေကြာက်မိသူ။
ထို့ကြောင့် အရင်ကတည်းက သူေခါ်သည့်တိုင်
အိမ်သို့ လိုက်ခဲ၏။
မလွှဲသာသည့် ပျော်ပွဲရွှင်ပွဲအချိန်များေလာက်သာ ရောက်ဖူးခြင်းဖြစ်သည်။ယခုတော့ ကြင်သူ့တစ်မျက်နှာ တစ်ရွာထင်၍လိုက်ခဲ့မိသည့်ကျွနုပ် အမှားကြီးမှားလေပြီ။
နဂိုကတည်းက စိတ်ကြမ်းလူကြမ်းကြီးမို့ အဝေးကရှောင်ခဲ့မိသူ ကိုဖိုးထောင်သည် ယခုတော့ ရှောင်၍
ရမည်မထင်။
ကျွနုပ်လက်ကိုဆွဲကိုင်ရင်း ရဲရဲဝံ့ဝံ့ ပြောလာသည့်
ဝါ့ကြောင့် မျက်ထောင့်ကြီးနီကြီးတစ်ခု ကျွနုပ်ထံ
ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာသည်။
ကျောပင်ချမ်းမိပါရဲ့။
ထို့ကြောင့် အားကိုးမိသူအနီးသို့ ပိုမိုတိုးကပ်စွာ
ထိုင်လျှက်။-"ဝါ။
ေကြာက်...ကြောက်တယ်လို့"-"ဘာမှမကြောက်နဲ့။
တို့ရှိတယ် စိတ်အေးအေးထား"ကြောက်စိတ်ဖြင့် သူ့ထံ လေသံတိုးတိုးဖြင့် ဆိုစဉ် လက်ကိုပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်းက အားပေးစကားဆိုလာသည်။တဆက်တည်း သူ့အကိုဘက်သို့ ခပ်တည်တည် စိုက်ကြည့်နေပြန်သည်။
သေသာသေပစ်လိုက်ချင်သည်။
ဖြစ်နိုင်လျှင် အုံဖွဟုဆိုကာ ကိုယ်ကလေးပါ ဖျောက်ပစ်ချင်မိသည်။ကျွနုပ်သိခဲ့သည့် အရမ်းချစ်ကြတဲ့ မောင်နှမသည် ယခုထိုသို့မဟုတ်။
ရန်ဖြစ်မလို ရန်စောင်နေကြေလရဲ့။
ကိုယ့်ကြောင့် ပြိုကွဲမည်မျိုးတော့ မလိုလားပါ။ မိသားစု၀င်မရှိတော့သည့် ကျွနုပ်သည် သူ့ရဲ့တစ်ဦးတည်းသော မိသားစု၀င်ကို မဆုံးရှုံးစေချင်ပါ။
ရင်အကွဲခံ၍ နောက်ဆုတ်ပေးမည်။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်