အခန်း(၂၆)
-"သားသားသူရိန်ကို ဘာလို့ခေါ်မလာလဲ"
ဒီမေးခွန်းဟာ အစကတည်း သူမကို မေးချင်ေနသည့်ေမးခွန်းပင်။
သို့ပေသိ သူ့မျက်နှာမြင်မှ အလွမ်းေပြခြင်းတ၀က်
စွတ်စွဲခံခဲ့ရခြင်းများအေပါ် နာကျည်းခြင်းတ၀က်ဖြင့် ခံစားချက်များနေသည်ကြောင့် မမေးဖြစ်ခဲ့ခြင်းပါ။
အမှန်တကယ်ဆို သူမကိုမြင်စကတည်းက အနောက်မှာ သားသားများ ကပ်ပါလာေလမလားဟု ငံ့လင့်ခဲ့မိသည်။
လွမ်းသည်။
မိမိရဲ့ နှစ်ဦးတည်းရှိသည့်မိသားစု၀င်မို့
မြတ်လည်းမြတ်နိုးသည်။
ချစ်တာမှ အနှိုင်းမရသည်အထိ။
သို့ပေသိ တသက်လုံး မိမိကိုသံသယတွေဖြင့်ကြည့်
စွတ်စွဲနေဦးမည်ဆိုရင်တော့ အရာရာစွန့်လွှတ်ကာ နှလုံးသားကိုအကျဉ်းချပစ်မည်။
ဟုတ်သည်လေ ကိုယ့်သစ္စာကိုယ်ယုံသည်။
ဒါကို အနိုင်လည်း ယုံဖို့ကောင်းသည်။-"အာအဲ့တာက သားသားကသင်တန်းတစ်ဖက်နဲ့လေဝါရယ်။ ပြီးတော့ ခရီးကပန်းမှာစိုးတာနဲ့...အဲ့မို့.."
-"...."
သူမဟာ ခပ်တိုးတိုးဖြေရှင်းရင်းက မိမိအနီးက
ခုတင်ေပါ်မှာ လာထိုင်သည်။
ကျွန်ုပ် သူမနဲ့မနီးအောင် ခုတင်ခေါင်းရင်းဘက်
တိုး၍ပျောင်းထိုင်လိုက်သည်။
မဖြစ်ပါ။
သူမနဲ့ နီးနီးကပ်ကပ်နေ၍လုံးလုံးမဖြစ်။
ကိုယ့်စိတ်ကိုယ်ကိုယ်သိပါရဲ့။
တင်းထားသမျှစိတ်ကလေးက ကိုယ်သင်းရနံရှုရှိုက်မိရင် အရည်ပျော်ကျကုန်မှာ သိပါရဲ့လေ။
ဒါ့ကြောင့် ခပ်ခွါခွါထိုင်မိတော့ အနီးသို့တိုးကပ်ထိုင်လိုက်သည့် အနိုင်။
ကျွန်ုပ် ထပ်မံ၍ ရွေ့ထိုင်ရပြန်သည်။
သို့သော်...-"ဟူး!"
ကျွန်ုပ် အဆုံးအထိရွေ့၍ တိုးထိုင်သည့်တိုင်
ထပ်မံလိုက်တိုးလာသည်ကြောင့် သက်ပြင်းချရသည်။
ဘယ်လိုဖြစ်နေတာပါလိမ့်။
ထပ်တိုးစရာ နေရာလည်းမရှိေတာ့ပါ။
ဒါကို ဘယ်လိုကြောင့်။ကျွန်ုပ် အလိုမကျစွာ မျက်မှောင်ကုတ်၍ လှည့်ကြည့်မိသည်။
ထိုခန..
သူမမျက်နှာလှလှမှ ခပ်ဖြူဖြူသွားတက်ချွန်းချွန်းကလေးကိုတွေ့မိစဉ်ခန..။
မျက်၀န်းဝိုင်းဝိုင်းကလေးထဲမှ အချစ်ရိပ်များစွန်းေနတာ တွေ့စဉ်ခန..။
အိုး..ဒီက ဝါဆိုတဲ့မိန်းမမှာ မီးနှင့်ထိသည့်
ဖယောင်းလုံးလေးကဲ့သို့ အရည်ပျော်ကုန်ပြီ။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်