အခန်း(၉)
ဆောင်းတွင်းဖြစ်သည့်အပြင် မိုးကလေးပါ
တေဖြာက်ေဖြာက်ကူကာ ကျနေသည့်ရာသီဉတုမှာ အရိုးခိုက်အောင် အေးရပါသည်။
ဤသို့ ရာသီဉတုတွင် ချမ်းချမ်းအေးအေးနှင့် ကွေးအိပ်လိုက်ရလျှင် ဖြင့် လောကစည်းစိမ်ပေတည်း။
သို့သော် ကျွနုပ်မှာမူ ရာသီဉတုကူသည့်တိုင်
အိပ်မပျော်နိုင်ပါ။
ငိုချင်သလို ရယ်ချင်သလိုဖြစ်နေသည့်ခံစားချက်သည် အနမ်းတစ်ပွင့်အစွမ်းကြောင့်လား
သို့မဟုတ်
ပန်းကလေးနှင့် အနီးအကပ် နေရခြင်းကြောင့်လားမသိ။
ရူးချင်စဖွယ်ပင်။-"ဟင်! အနိုင်။
အိပ်မပျော်ဘူးလားဟင်"ပန်းတစ်ပွင့်အား နမ်းရှိုက်ခွင့်တောင်းထားသည်ကို တန်း၍ခွင့်ပြုပေးခဲ့သည့်ပံုဖြင့် ကျွနုပ်တဲသို့
အထုတ်ဆွဲလျှက်ရောက်ချလာသည့် သူမ။
တူနှစ်ကိုယ်တဲအိုပျက်နေရဖို့အရေး ပျဉ်ထောင်သွပ်မိုးနှစ်ထပ်အိမ်ကိုပင် အလွယ်တကူ စွန့်လာဟန်ရှိသည်။
ကျွနုပ်မှာသာ ကျွန်းခုတင်ပေါ်၌ အခန့်သားအိပ်ခဲ့ရသည့် သူမကို ဝါးကြမ်းခင်းတွင် နုံနုံချာချာ သိပ်ရသည်ကြောင့် စိတ်အခြေအနေမကောင်း ဖြစ်မိသည်။
သို့သော် သူမသည် မည်သည်ကိုမှ မမှုဟန်ဖြင့်
အိပ်ပျော်နေရာမှ အခုမှ တရေးနိုးလာ၏။
သို့ရာတွင် နိုးနိုးချင်း ကျွန်ုပ်အား မေးမြန်းလျှက်
ဖက်တွယ်လာသည့်ကိုယ်ကြောင့် သမာဓိတို့
မခိုင်ချင်။-"ဟုတ်..ဟုတ်တယ်ဝါ။
အိပ်..အိပ်မရလို့"
-"ဘာလို့လဲဟင် မောလို့လား"-"၀.ဝါ"
သူမသည် စိတ်ပူဟန်ဖြင့် မေးလည်းမေး ရင်ဘတ်သို့ နားဖြင့်လည်း ကပ်လိုက်သည်ကြောင့် ဆတ်ကနဲပင်တုန်မိပါ၏။
-"ဟင်! ရင်တွေတအားခုန်နေတယ်ရော။
မောနေတာပဲ။ မဖြစ်သေးပါဘူး။
ဘယ်မှာလဲဟင်။
အနိုင်သောက်နေကျ ဆေးကဘယ်မှာလဲ။
တို့သွားယူ..အင့်"ကမန်းကတမ်းထကာ ဆေးယူရန်ပြင်ေနသည့်သူမကို ပြန်လည် သိုင်းဖက်ထားရသည်။
ဝါသည် မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေ၏။-"ဘာ..ဘာမှမဖြစ်ပါဘူးဝါရယ်။
ကျုပ် မမောပါဘူး။"-"ဒါ..ဒါမယ့်။
ရင်တေအရမ်းခုန်နေတယ်လေ"
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်