အခန်း(၁၂)
-"တံခါးစီးတယ်ဗျို့"
-"ဟုတ်တယ် အဝါရေ။
တစ်ယောက် ၅ေထာင်မှ မရရင် ဒီထဲပေးမ၀င်ဘူး"-"ဟုတ်ပါပြီရှင်...ဟုတ်ပါပြီ။
ပေးရမှာပေါ့"ရွှေရောင်ဆွဲကြိုးကလေးများ တန်းထားသည့်
မခိုင်တို့အဖွဲ့အား လက်ထဲရှိ ထောင်တန်အုပ်ထဲမှ
ငွေစက္ကူ ၅ရွက်စီ ထုတ်ပေးလိုက်သည်။
၅၀၀၀ သတ်မှတ်သည်တဲ့လေ။
ဒီအခန်းထဲ၀င်ရဖို့အရေး ဘယ်လောက်ကုန်ကုန်ပေးမှာ မသိ၍လား။-"ဟေး! "
လိုချင်တာရသည်နှင့် မခိုင်နှင့်မနုတို့နှစ်ေယာက်မှာ တန်းထားသည့်ဆွဲကြိုးကလေးကို ဖြုတ်ပေးလေပြီ။
သို့ရာတွင် နောက်ထပ် ၆ကြိုးကျန်သေးသည်။
အထဲမှ ကျွနုပ်ရဲ့သတိုးသမီးလေးကို မြင်ချင်စောဖြင့် စိတ်မရှည်ချင်ပါ။-"ကဲ မဝါ။
ကျုပ်တို့လည်း မခိုင်တို့လိုပဲ
၅၀၀၀စီရမှဖြစ်မှာ နော်။အဟီး"-"ပေးမှာပေါ့ ကိုကျော်အေးရယ်။
ပေးရမှာပေါ့"
လူရိုးကြီးကိုကျော်အေးသည် သည်နေရာကျ
သွက်နေသဖြင့် ပြုံးလျှက်ဖြင့် ငွေစက္ကူများကို
ထုတ်ပေးလိုက်ပါရဲ့။-"ဟေး!"(သံစုံ)
ထို့နောက် နောက်တစ်ကြိုးသည်က ဖိုးချဲတို့အဖွဲ့။
-"ကဲ မဝါ။ ကျုပ်တို့လည်း..."
-"အေး ဖိုးချဲ ငါပေးမယ်။
နင်တို့ တောင်းသလောက်ပေးမယ်။
အို..ရှုတ်ပါတယ်။"-"ဟေး!"
ဒါမှ မဝါဟေ့!"(သံစုံ)-"မိုက်သွားပြီ"(သံစုံ)
ကျွနုပ်အား ရိုင်းသည်ထင်ထင် ဂရုမစိုက်နိုင်တော့ပါ။
လက်ထဲမှ ကျန်နေသမျှ ပိုက်ဆံအကုန် ဘေးသို့ကြဲချပစ်လိုက်တော့သည်။ဟုတ်သည်ေလ။
စိတ်က ဒီထက်မရှည်နိုင်တော့ဘူး။ထိုအခါမှ ရှေ့မှဆွဲကြိုးတန်းသူလူများမှာ ငွေကြဲရာနေရာသို့ အပြေးအလွှား လုကောက်ကြရင်း
ကျွန်ပ်အား အာရုံမရနိုင်ကြတော့။
ထို့ကြောင့် အခန်းတံခါးကို အတင်းဆွဲဖွင့်ကာ အထဲ၀င်ရပေတော့သည်။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်