အခန်း(၈)
-"အာ့ ကျွတ်ကျွတ်"
-"အာ့!"
-" ဦးလေးရယ် ဖြည်းဖြည်းနှိပ်ပါ။
သူ အရမ်းနာနေပြီ"-"ဟဲ့ အဝါ။ ငါလည်း ဖြေးဖြေးနှိပ်တာပဲ။
နင့်လူကိုက မခံနိုင်တာ။ ဒါနဲ့နေစမ်းပါဦး အနိုင်"-"ဟုတ်..ကဲ့..အာ့!"
-"နင့်ေခြေထာက်က။ ငါမနက်ကမြင်တုန်းကဖြင့် အကောင်းကြီးလားလို့ပါ။
ဘယ်လိုလုပ် အခုမှ ခြေခေါက်သွားရတာလဲ"-"ကျွတ်ကျွတ် ။
ဟို..ချော်..ချော်လဲလို့ပါဦးလေး"
ကျွနုပ် ဦးတင်ထွေးအား မလိမ်ချင်သော်လည်း
အမှန်အတိုင်းပြော၍မဖြစ်ပါ။
ထော်လာဂျီပေါ်က ခုန်ချလို့ဖြစ်မှန်းသိလျှင်
နည်းတောင်နည်းသေးတယ်ဟု ပြောနိုင်သည်။
ထို့ေကြာင့် လိမ်ပြောမိတော့ သူကမယုံဟန်ဖြင့်။-"အနိုင်ရယ်။ မိုးတွင်းကြီးလည်းမဟုတ်ဘဲနဲ့
နင်က ဘယ်လို ချော်လဲလာရတာတုန်း"-"ဟိုလေ..ဟို"
တကယ့်အစ်လာစဉ်တွင် ကျွနုပ်မဖြေတတ်ေတာ့ပါ။ဝါ့မျက်နှာသို့သာ အားကိုးတကြီးကြည့်လိုက်၏။-"အော် ဦးလေးတင်ေထွးရယ်။
မိုးတွင်းမှ ချော်လဲရမတဲ့လား။
ကျောက်စရစ်ခဲေလးတွေ ဒီလောက်များတဲ့လမ်းမှာ ပြေးရင်းလွှားရင်းလည်း ချော်လဲနိုင်တာပဲကို။"
ဝါမှ ဦးတင်ထွေးအား ထိုသို့ စိတ်မရှည်ဟန်ဖြင့်
ပြောေလမှ မမေးဘဲဆက်နှိပ်ေတာ့သည်။
သို့သော် သိချင်ရာမသိရသည့်ကြောင့် မေကျနပ်သည်ထင်။
ခုနကထက်ပါ လက်စွမ်းပြလာသည့် ဆရာဦးတင်ထွေးရယ်ကြောင့်။-"အာ့!"
*************
ဤသို့ဖြင့် ခေါက်သွားသည့် ခြေထောက်ေကျးဇူးေကြာင့် ကျောင်းထပ်၍ နောက်ကျရပြန်သည်။
သို့သော် နောင်တဖြင့် မရမိပါ။
ပန်းကလေးဘေး ရနံရှူနေရသည်ကြောင့်
ပျော်ပင်ပျော်နေသေးသည်။
ယခုလည်း ကျွနုပ်ဘေး ပန်းကလေးရှိသဖြင့်
မှိုရသည့်မျက်နှာကဲ့သို့ တပြုံးပြုံးဖြစ်နေသည်။
ကျွနုပ်တို့သည် မန်းကျည်းပင်အရိပ်ရှိ ကွပ်ပျစ်တွင်ထိုင်နေကြသည်။
ပူလွန်းသည့်နေကြောင့် တဲထဲတွင်မနေနိုင်၍ ဖြစ်၏။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်