အခန်း(၁၉)
-"ဟူး...ဟဲ.။
အနိုင်...မော..သွားလား"ဝါသည် ထိုသို့ဆိုရင်းက အုပ်မိုးနေသည့်ကိုယ်ကိုညာဘက်ဘေးသို့လှဲချလာသည်။
နဖူးအထက်သို့ အနမ်းတစ်ပွင့်ပေးလာသည့်တိုင်
အသက်ရှူသံတွေမမှန်သေးသည့်၀ါ။
မောသလားဆိုသည့်တိုင် သူကပိုမောနေသယောင်။
ပြန်မဖြေမိပါ။
ကိုယ်လည်း မောနေလေပြီ။
ထိုစဉ် ဝါက ခပ်သွယ်သွယ်လက်မောင်းဖြင့် ရင်ခွင်သို့ဆွဲထည့်လာသည်။
မျက်စိရှေ့သို့ မှဲ့အနက်ကလေးရောက်လာလေပြီ။ဗေဒင်ကတော့ ဟောဖူးသည်။
ရင်ညွန့်ပေါ်များ မှဲ့ကလေးရှိရင်
ချစ်သူကသိပ်ချစ်ခြင်းခံရသည်တဲ့။
ဟုတ်၏။
ကိုယ်ဖြင့် ရူးအောင်ချစ်ရသည်။သို့ပေသိ ဘယ်ညာရင်ညွန့်နှစ်ဖက်စလုံး မှဲ့အနက်ကလေးေတွရှိသည့် ကိုယ့်ကိုရော ဝါကရူးေအာင်ချစ်ပါ့မလား။
အို ဒါတွေထားပါလေ။ကျွန်ုပ် တောင်စဉ်ရေမရ အတွေးကိုဖျောက်၍ ရင်ခွင်ထဲမှ သူ့မျက်နှာကို မော်ဖူးရသည်။
ငုံ့မိုးကြည့်၍ ခပ်ရဲရဲနှုတ်ခမ်းသားကို လျှာဖြင့်ခနခနသပ်နေသည့်သူ့ကိုမြင်စဉ် အလိုမကျစွာ မျက်ခုံးတွန့်ချိုးမိသည်။-"ဟင့်အင်းနော်။
ခရီးပန်းရဲ့နဲ့ကို တစ်ခါတောင်ချစ်လွန်းလို့"-"ဟင်..အနိုင်ကလဲ"
-"အနိုင်ကမလဲနဲ့။
တကယ်ပြောတာ..
ကြာရင် လုံးပါးပါးလိမ့်မယ်။
ကိုယ့်မိန်းမနှလုံးရောဂါသည်ဆိုတာလဲ
သတိရဦးမှပေါ့"-"ဟုတ်..ဟုတ်ပါပြီ"
-"ဟင်း"
ငေါက်ဆတ်ဆတ်ပြောတော့မှ မျက်နှာငယ်ကျသွားသည့် သူ။
သေေတာ့မည့် မျက်နှာမျိုး။
စိတ်မကောင်းဖြစ်မိပေသိ မတတ်နိုင်။
အနိုင် တကယ်ပင်ပန်းနေပြီ။
ဗိုက်လည်းဆာသလိုရှိ၏။
ထို့ကြောင့် ဝါ့ရင်ဘတ်ထံ ပါးပြန်အပ်၍။-"ယောက်ျား"
-"ရှင်..."
-"အနိုင့်ယောက်ျားဝါရေ"
-"ရှင် ရှင့်"
-"အနိုင် ဗိုက်ဆာတယ်"
-"အယ်..ဟုတ်သားပဲ။
လမ်းမှာနားတာ ၈နာရီလောက်ကတည်းကကို။
အခုနေတောင် မြင့်နေပြီဆိုတော့
အနိုင်ဆာရောပေါ့"
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်