အခန်း(၂၃)
အချိန်အားဖြင့် အညာနွေဖြစ်သည်။
ပူပြင်းလှသည့်နေေကြာင့် အက်ေဘးပတ်ပတ်လည်မှအပင်ဟူသမျှရှိ ရွက်ဝါတို့သည်
နီကျင်ကျင်မြေရှိသည့် အက်ဘောင်ပေါ်သို့ ကြွေကျေမြခရသည့်အချိန်။
ထိုအချိန်ကိုမှ အလွမ်းဓာတ်ဖြည့်ပေးသည့် နီတီတီကောင်ကင်နှင့် နေ၀င်ဆည်းဆာအချိန်။
အနှိုင်းမသိ လွမ်းဆွတ်ရပါဘိ။ထိုမျှအထိ လွမ်းဆွတ်ဖွယ်မြင်ကွင်းမျိုးသို့ ဘောင်ကလေးဘေးရှိ တဲအ၀င်ေပါက်မှ တိုင်သို့မှီရပ်လျှက် ငေးမောစွာကြည့်နေသည့် မိန်းမတစ်ဦးလည်းရှိသည်။
ထိုမိန်းမသည် ထိုမြင်ကွင်းနည်းတူ ဟင့်အင်း ထို့ထက်ပင်ပိုစွာ လွမ်းဆွတ်နေဟန်။
နက်မှောင်သော ရီဝေဝေမျက်၀န်းကလေးမှ
ပုလဲဉကလေးများမှာ တစ်စုံတစ်ဦးအပေါ်သို့ သက်ရောက်နေလေမည်လား။
ဟုတ်သည်။
ဝါ တစ်ယောက် ၁လနီးနီး မတွေ့ရသည့် သက်လှယ်ကြင်သူကို လွမ်းဆွတ်တမ်းတနေခြင်းသာ။
သို့တိုင် ရှိုက်သံမပါသည့်ငိုကြွေးခြင်းနှင့် မျက်ရည်တစ်စက်ကျဖို့တောင် အံကိုကြိတ်ထားသည့် ဝါက
ထိုအလွမ်းအတွက် ကြံ့ကြံ့ခံနိုင်သည့်ဟန်ပန်မျိုးပါ။
နောင်တလည်း ကင်းမဲ့နေသည်။-"ဟူး..."
ကိုဖိုးထောင်နှင့်တကွ တဲထဲထိုင်ေနကြသည့် လူအများမှာ ဝါ့ကိုေငးမော့ကြည့်လျှက် သက်ပြင်းကိုယ်စီချရသည်။
လွန်ခဲ့သော ၁လခန့်တွင် အက်ေဘာင်တေလျှာက် ဖုန်အလိမ်းလိမ်းထေအာင် မောင်းနှင်လာသည့်
အစိမ်းရောင်PAJERO ကားတစ်စီး။တဲအနီးအေရာက် တုံ့ကနဲထိုးရပ်ကာ ကားထဲမှ
အထုတ်ဆွဲထွက်လာသည့် ချစ်နှမငယ် ဝါ။
လက်ထဲ၌ အဝါရောင်လက်ဆွဲအိတ်ကလေးသာပါသည့် ဝါမှာ အရင်က ခြေကန်ဆွဲခွါမရေအာင် ပီကေလိုကပ်နေခဲ့သည့် ချစ်ဇနီးအနိုင်ပင်မပါ။
အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် တစ်ဦးတည်းဆင်းလာပံုအရ ကိုဖိုးထောင်သိလိုက်သည်။ဒါဟာ သူတို့သားကလေး "သူရိန်ထက်နိုင်" ၅နှစ်ပြည့်မှ ပထမဆုံး ရန်ဖြစ်လာခြင်းသာ။
အစကဖြင့် နှမပြန်လာ၍ ပျော်မိသော်ငြား
နောက်များကျ သူတို့သားကလေး မျက်နှာထောက်ရန် ချစ်ဇနီးဆီပြန်ရန် အနုနှင့်တကွ ဝိုင်း၀န်းနားချခဲ့သည်။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်