အခန်း(၂၅)
မန္တလေး-မြစ်ကြီးနားလမ်းမကြီးတလျှောက် PAJERO အဖြူရောင်ကားတစ်စီး ပြေးလွှားလျှက်ရှိသည်။ ၁နာရီ မိုင်၇၀နှုန်းဖြင့် တစ်လမ်းသွားမက
နှစ်လမ်းသွားမရှိသည့် ကတ္တရာလမ်းကျဉ်းကလေးတွင် ထိုသို့မောင်းနှင်သည့်အရှိန်သည် အန္တရာယ်များလှသည်။သို့သော် မောင်းနှင်းသူမှာ အန္တရာယ်ကို ဂရုမစိုက်စွာ ရှေ့မှ ရှိသမျှကုန်ကား- ခရီးသည်ကား ဟူသမျှကို ဟွန်းတတီတီတီးကာ အရှိန်ကိုတစ်စက်မျှမလျော့။
ထို့ကြောင့် ထိုကားကလေးများမှာ ဘေးသို့သာ
ထိုးချပေးရေလတော့သည်။
မထိုးချပေးပါက နောက်မှ၀င်ကြုံးမယ့်ပုံမို့ လန့်ရသည်လေ။-"တီ!တီ!တီ!"
-"ဟာ ဒီဘိုးတော်က ဘာတေွစောက်ေရးကြီးနေတယ်မသိဘူး ဇွတ်!"
မိမိတို့အား တတီတီလုပ်၍ ဘေးထိုးချပေးမှ ဖြတ်ကျော်သွားသည့်ကားကို ၆ဘီးတပ် ကြံကားပေါ်မှ
ကားသမားလုပ်သူက မကျေမနပ်ပြောဆိုသည်။
အရေးတကြီးဘေးချရသည်ကြောင့် မောင်းသူကို
မမြင်ဟန်ပင်။
ထိုစဉ် ဘေးမှ သူ့ရဲ့စပါယ်ရာလုပ်သူမှ။-"ဟျောင့် အာ့ ဘိုးတော်မဟုတ်ဘူးဟ။
စကီလေး"-"ဟင် စကီးလေးလား"
-"အေး"
-"ဟမ်! စကီလေးက ဘယ်လိုလုပ် ဒီလိုအရှိန်နဲ့!
ဟာ မဆီမဆိုင်ဘဲ စိုးရိမ်သွားပြီကွာ"-"အဟဟ! မင်းဆိုတဲ့ကောင်ကလေ
သူ့မျက်နှာတောင်မမြင်ဘဲ ဖြစ်ပျက်နေတာ
ငါ့လိုသာ မြင်လိုက်ရင် ရူးခါပြီး ပြန်ကွေ့မလားပဲ"-"အေး မင်းပြောတာဖြစ်နိုင်တယ် အဟားဟား"
ဤသို့ဖြင့် ကားသမားပီပီ ပါးစပ်သရမ်းစွာ ဖွန်စကားများ ပြောနေကြသည့်တိုင် သူတို့ဘေးမှ ကျော်ဖြတ်သွားသည့် ကားသမားလေးမှာ သူ့ရဲ့ချစ်ဦးသူ ကြင်သူဇနီးမယားထံ အန္တရာယ်ကင်းစွာ ရောက်ရှိခဲ့လေပြီ။
******
မနုတစ်ယောက် ၅ဆင့်ချိုင့်ကလေးဆွဲ၍ အဝါ့တို့အိမ်သို့ကြွမြန်းလာခဲ့သည်။
ကိုယ်၀န်ရှိပါပြီဆိုကတည်းက ရွာလယ်မှ မိမိတို့အိမ်သို့လိုက်နေရန် ခေါ်သော်ငြား ခေါင်းေကြာမာသည့်သူငယ်ချင်း ယောက်မက သူတို့မေတ္တာသိုက်မြုံသာ နေလိုသည်တဲ့လေ။
မသိလျှင် ယခုမနုတို့နေနေသည့်အိမ်မှာ သူတစ်သက်လုံးကြီးပျင်းလာသည့် အိမ်မဟုတ်သလိုပါပဲ။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်